အများအတွက် ကူညီပေးရမယ်။

ဦးကျော်သူကတော့ နာရေးကူညီမှုအသင်းအနေနဲ့ COVID-19 ကာလမှာ ရောဂါပိုးကို ကြောက်နေပြီး လူမှုအကျိုးပြုအလုပ်တွေ မလုပ်လို့ မဖြစ်တဲ့အကြောင်းပြောလာပါတယ်။ 

သရုပ်ဆောင် ကျော်သူကတော့ COVID-19 ကာလမှာ နာရေးကူညီမှုအသင်းအနေနဲ့ လူမှုအကျိုးပြုအလုပ်တွေ လုပ်ဖြစ်နေတဲ့အကြောင်း ပြောလာပါတယ်။ ကူးစက်ရောဂါ မဖြစ်ရအောင်လို့လည်း သေသေချာချာ ဂရုတစိုက်နေတယ်လို့ Duwun ကို ဖြေဆိုခဲ့ပါတယ်။ 



“ ဘယ်လိုပဲ ဖြစ်နေ ဖြစ်နေ၊ လူတွေ ဆုံးပါးသွားတယ်ဆိုရင် ကူညီရမှာက ကျွန်တော်တို့ အလုပ်ပါ။ ဒီရောဂါ ငါတို့လည်း ဖြစ်မှာ ကြောက်လို့ ဆိုပြီးတော့ အိမ်မှာ နေနေလို့မရဘူး။ အကုန်လုံး ဒုက္ခရောက်ကုန်မှာ။ အစိုးရကို တစ်ဖက်တစ်လမ်းကနေ ကျွန်တော်တို့က ကူညီပေးနေတာ။ ဒီလို လုပ်လို့ ရောဂါဖြစ်ပြီး သေသွားရင်လည်း အများအတွက် ကူညီပေးရင်း သေသွားတာဖြစ်လို့ ကျွန်တော်ဂုဏ်ယူပါတယ်။ တစ်ဇွတ်ထိုး လုပ်နေတာလည်း မဟုတ်ဘူူူးလေ။ အတတ်နိုင်ဆုံးတော့ Body Cover တွေ၊ လက်အိတ်၊ နှာခေါင်းစည်းတွေနဲ့ သေချာ စနစ်တကျတော့ လုပ်ထားရတာပေါ့" လို့ သူက ဆိုပါတယ်။ 

ဦးကျော်သူဟာ COVID-19 ကူးစက်ရောဂါပိုး မရှိတော့ရင်လည်း တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ကြဖို့ ပြောလာပါသေးတယ်။ 

“ Covid ပြီးသွားရင်လည်း တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ကြဖို့၊ လူစု လူဝေးတွေကိုလည်း အတတ်နိုင်ဆုံးရှောင်ဖို့။ လှူဒါန်းကြမယ် ဆိုရင်လည်း နာဂစ်တုန်းကလို ကားကြီး တစ်စီးတည်းကို လူတွေ အများကြီး အုံပြီးတော့ လုပ်တာမဟုတ်ပဲ စနစ်တကျ လှူဒါန်းကြတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာလည်း ရောက်တယ်။ ကလော ဈေးဆိုရင် ကြည့်ရတာ ဘယ်လောက် အေးချမ်းသလဲ။ အဲဒီလိုလေးတွေ ဖြစ်နိုင်ရင် အရမ်းကောင်းတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။  

ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူနဲ့အတူ အနန္တမေတ္တာပရဟိတအဖွဲ့သားတွေကလည်း မေလ (၂၅) ရက်နေ့ နဲ့ (၂၆) ရက်နေ့တို့မှာလည်း စားဝတ်နေရေးအခက်အခဲ ကြုံနေရတဲ့ အနုပညာလောကသားတွေထဲက ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ၊ ဇာတ်ညွှန်းအလွှာက အနုပညာရှင်တွေအတွက် စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က