ဖက်ရှင်လောကထဲ Facebook တိုးဝင်လာတော့မလား

Facebook ရဲ့ AI နည်းပညာသစ်ဟာ ဖက်ရှင်ဈေးကွက်ပေါ် သက်ရောက်မှု ရှိလာတော့မှာပါ။


ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Facebook ဟာ ဘယ်လို အဝတ်အစားစတိုင်မျိုးနဲ့လိုက်မလိုက်ဆိုတာကို အကြံပြုနိုင်တဲ့ Fashion++ ဆိုတဲ့ AI စနစ်တစ်ခုကို စမ်းသပ်နေတယ်လို့Engadget သတင်းက ဖော်ပြထားပါတယ်။ Facebook ဟာ fashion ကျကျ ဝတ်စားထားတဲ့ ဓါတ်ပုံထောင်ပေါင်းများစွာကို သုံးပြီး Fashion++ ကို လေ့ကျင့်ပေးနေတာပါ။

Photo: engadget

Fashion++ ဟာ သုံးတဲ့ ချည်သားကိုပါ မှတ်မိနိုင်ပြီး အလိုက်ဖက်ဆုံး ဖက်ရှင်စတိုင် ဖြစ်စေဖို့ဘယ်အသုံးအဆောင် ပါရမယ် ၊ ဘယ်အဝတ်အစားမျိုး မဝတ်ရဘူးဆိုတာတွေပါ suggestion ပေးပါတယ်။ အရင့်အရင်က ထွက်ခဲ့တဲ့ ဖက်ရှင်ရေးရာ နည်းပညာတွေမှာတော့ ဝတ်စုံအသစ် ဝယ်ရာမှာပဲ အကြံပေးတာ ဖြစ်ပြီး Fashion++ မှာတော့ ကိုယ်ဝတ်နေတဲ့ ဝတ်စုံကိုပဲ ပိုပြီး စတိုင်ကျအောင် ဘယ်လို ဝတ်ရင် လိုက်မလဲ ပြောပေးနိုင်မှာပါ။

Fashion++ ဟာ တကယ့်လူတစ်ယောက်ကနေ အကြံပေးသလို ပေးနိုင်မယ့် AI နည်းပညာတစ်ခု ဖြစ်တယ်လို့ဆိုပါတယ်။ လက်တွေ့စမ်းသပ်မှုမှာ Fashion++ ဟာ အင်္ကျီလက်ခေါက်ဝတ်ဖို့၊ ရှပ်ကို ဘောင်းဘီထဲ ထည့်ဝတ်ဖို့စတဲ့ ဖက်ရှင်ပိုကျစေမယ့် နည်းလမ်းတွေပါ အကြံပေးပါတယ်။

ဒီ AI နည်းပညာဟာ အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်ပြီး အသုံးပြုဖို့လည်း လွယ်တယ်လို့Facebook က ဆိုပါတယ်။ Fashion++ ဟာ ခေတ်သစ်ဖက်ရှင်လောကအတွက် Facebook ရဲ့ ဒီဂျစ်တယ် style editor တစ်ခု ဖြစ်လာဖို့ရှိပါတယ်။

Facebook ဟာ ဖက်ရှင်လောကထဲကိုလည်း ခြေလှမ်းပြင်နေပြီး မကြာသေးခင်ကလည်း Ray-Ban မျက်မှန်ကုမ္ပဏီနဲ့ပေါင်းပြီး AR မျက်မှန်တွေ ထုတ်သွားမယ်လို့သတင်းထွက်နေပါတယ်။

Share

Loading Next Article...
က္က