ဂွါဒီယိုလာကတော့ သူ့ပုံစံအတိုင်းပါပဲ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ တနင်္ဂနွေနေ့ညမှာ ကစားမယ့် အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်အတွက် ပြိုင်ဘက်အသင်းကို စိတ်ဓာတ်စစ်ဆင်ရေး စတင်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ရဲ့ လက်ရှိချန်ပီယံအသင်းတစ်သင်းပါ။



ပုံမှန်အားဖြင့် ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလားချန်ပီယံတို့ ကွန်မြူနတီဒိုင်းပွဲကို ယှဉ်ပြိုင် ကစားရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးက ဒီဖလားနှစ်လုံးကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ အဆင့် (၂) ရရှိခဲ့တဲ့ အာဆင်နယ်က မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းလုပွဲကို ယှဉ်ပြိုင် ကစားရတော့မှာပါ။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးဆုံးခါနီးအထိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် ရာသီအဆုံးသတ်ချိန်မှာတော့ ခြေချော်ခဲ့ပြီး မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၃) နှစ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာပါ။

အခု ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင်မှာလည်း ဂွါဒီယိုလာက “အခြေအနေတွေအရ ကျွန်တော်တို့က ပြင်ဆင်နေဆဲဆိုတာကို သိထားပါတယ်။ ကျွန်တော်တို့က အာဆင်နယ်ထက် (၂) ပတ်နောက်ကျပြီး ရာသိမ်းခဲ့ရတာပါ။ အာဆင်နယ်က ကျွန်တော်တို့ထက် (၂) ပတ်လောက် စောပြီး ရာသီအဆုံးသတ်ခဲ့ရချိန်မှာ ကျွန်တော်တို့က အကောင်းဆုံးအနေအထားမျိုးမှာ မရှိပါဘူး”

“ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာက ဒီကွန်မြူနတီဒိုင်းမှာ ကူညီနိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အာဆင်နယ်ကို ယှဉ်နိုင်အောင် ကြိုးစားရမှာဖြစ်ပြီး ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်အောင် ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာကြောင့် အခုလိုမျိုးပဲ ရာသီအဆုံးသတ်ချိန် နောက်ကျခဲ့ရတာလည်း ဖြစ်ပါတယ်။  

Share

Loading Next Article...
က္က