အီကွေဒေါနဲ့ပွဲမှာ အနီ ၂ခါ အပြခံရပြီးမှ ပယ်ဖျက်ခံရတာပါ။

ဒီနေ့မနက်က ကစားခဲ့တဲ့ အီကွေဒေါနဲ့ ဘရာဇီးလ်ပွဲစဉ်ကတော့ တဖက်တဂိုးစီသရေကျခဲ့ပြီး နာမည်ကြီးဘရာဇီးလ်တို့ နိုင်ပွဲပျောက်သွားခဲ့ပါတယ်။ ဒီပွဲက ပွဲကြမ်းတပွဲဖြစ်ခဲ့ပြီး နှစ်ဖက်အသင်းက ကစားသမားတဦးစီထုတ်ပယ်ခံခဲ့ရကာ အဝါကတ်တွေလည်း ပလူပျံခဲ့ပြီး စုစုပေါင်း ၆ ကတ်အထိရှိခဲ့ကာ တော်တော်လေးတော့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်လို့ ဆိုရပါမယ်။

ပြောချင်စရာအကောင်းဆုံးဖြစ်ခဲ့တာကတော့ ဘရာဇီးလ်ဂိုးသမားအယ်လစ်ဆန်ရဲ့ အနီကတ်တွေ ပယ်ဖျက်ခံရမှုပါ။ ပွဲကစားချိန် ၂၇ မိနစ်မှာ ပြိုင်ဘက်ကစားသမားကို ကွန်ဖူးကစ်နဲ့ဝင်ပြီး ဘောလုံးရှင်းထုတ်ခဲ့လို့ အယ်လစ်ဆန်ကို ကွင်းလယ်ဒိုင်က အနီကတ်ပြခဲ့ပါတယ်။ ဒါပေမယ့် VAR ပြန်ကြည့်ပြီးနောက်မှာ အဝါကတ်ပြားသာ ပြန်လည်ပြသသွားခဲ့ပါတယ်။ 

အဲဒီနောက် ပွဲပြီးခါနီးမှာ အယ်လစ်ဆန်က ရှောင်လင်လက်သီးနဲ့ ဘောလုံးကို ထိုးပုတ်ဖျက်ထုတ်ခဲ့ရာမှာလည်း ဒိုင်က အနီကတ်ပြသခဲ့ပြန်ပါတယ်။ ဒီတကြိမ်မှာလည်း ကွင်းလယ်ဒိုင်က အနီကတ်ထပ်ပြခဲ့ပေမယ့် VAR ပြန်ကြည့်ပြီးနောက် ပယ်ဖျက်ခဲ့လို့ တပွဲတည်းမှာ အနီကတ်၂ခါအပြခံခဲ့ရပေမယ့် ၂ခါစလုံးကို ပယ်ဖျက်ပေးခဲ့လို့ ထူးထူးခြားခြားဖြစ်ခဲ့ရပါတယ်။ 

ဘရာဇီးလ်က ကက်စ်မဲရိုးဂိုးနဲ့ ဦးဆောင်ခဲ့သလို ၁၅ မိနစ်မှာ အီကွေဒေါက ဒိုမင်ဂွက်ဇ် အနီကတ်ပြခံရလို့ အေးအေးဆေးဆေးအနိုင်ရမယ်ထင်ခဲ့ပေမယ့် မိနစ် ၂၀ မှာ အီမာဆင်ရွိုင်ရယ်လည်း ၂ ဝါ ၁ နီနဲ့ ပြန်အထုတ်ခံခဲ့ရကာ ၇၅ မိနစ်မှာ အီကွေဒေါရဲ့ ချေပဂိုးကို ပြန်ခွင့်ပြုခဲ့ရပါတယ်။ ခြေစစ်ပွဲအောင်ဖို့အတွက် ဘရာဇီးလ်က စိတ်ပူစရာမရှိတော့ပေမယ့် အီကွေဒေါအတွက်တော့ အဖိုးတန်သရေတမှတ်ကိုရယူနိုင်ခဲ့ပြီး အဆင့် ၄ နေရာက ဥရုဂွေးကို ၅ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က