အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ဖီဖာဆီက ခွင့်ပြုလားဆိုတာကို သိရဖို့ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အပြောင်းအရွှေ့ပြဿနာဟာ အင်္ဂါနေ့မှာ ဆက်လက်ဖြစ်ပွားခဲ့ပေမယ့်လည်း ပုံမှန်ဖြစ်နေကျ ဘဏ္ဍာရေးပြဿနာကြောင့်မဟုတ်ဘဲ နည်းပညာပြဿနာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

နူးကမ့်မှာ ထူးထူးဆန်းဆန်းအရာတွေ ဖြစ်လာခဲ့ပြီဆိုရင် ၎င်းတို့ရဲ့ ရူးသွပ်ချင်စရာ ဘဏ္ဍာရေးပိုင်း သို့မဟုတ် ငွေကြေးချို့တဲ့မှုတို့နဲ့ ပုံမှန်အားဖြင့် ဆုံးဖြတ်လေ့ရှိကြတာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့မှာ ဘာစီလိုနာအသင်းဟာ ကွင်းလယ်ကစားသမား ခေါ်ယူဖို့ ကြိုးပမ်းရာမှာ ပြဿနာရှိခဲ့ပြီး ၎င်းတို့ အငှားနဲ့ ခေါ်ယူချင်တဲ့ ကစားသမားကို အပြီးသတ်ဝယ်ယူခွင့် ထည့်သွင်းလို့ မရနိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဂါဗီကလည်း ၎င်းရဲ့ စာချုပ်သက်တမ်းတိုးမှုကို အသင်းရဲ့ မှတ်ပုံတင်ခြင်း ခံရဖို့အတွက် အချိန်အတော်လေး စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးမှာတော့ ၎င်းရဲ့ စာချုပ်ဟာ ခွင့်ပြုခြင်း ခံခဲ့ရပေမယ့် ကတ်တလန်အသင်းကြီးဟာ အပြောင်းအရွှေ့ပျက်သွားရလောက်တဲ့အထိ ဖြစ်ခဲ့တဲ့ ထူးထူးဆန်းဆန်းအဖြစ်ကို ကြုံတွေ့ခဲ့ရပြန်တာဖြစ်ပါတယ်။ အင်္ဂါနေ့ နှောင်းပိုင်းမှာ ဘာစီလိုနာအသင်းက အယ်လ်အေ ဂလက်ဆီအသင်းက ညာနောက်ခံလူ ယူလီယန် အာရာအူဟိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး မေဂျာလိဂ်အသင်းနဲ့လည်း သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွန်ပျူတာဟန်းနေတာကြောင့် အင်္ဂါနေ့ညကိုစက္ကန့်ပိုင်းအနည်းငယ်ကျော်လွန်သွားခဲ့ပြီးနောက် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် ဖီဖာဆီက ခွင့်ပြုလားဆိုတာကို သိရဖို့ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ ကွန်ပျူတာကြောင့် အချိန်မီ မရောက်ခဲ့ပါဘူး။ ကြန့်ကြာချိန်က ၁၈ စက္ကန့်ပါ။ ကျွန်တော်တို့ ဖီဖာက ဘာဆုံးဖြတ်မလဲဆိုတာကို သိရဖို့ စောင့်ဆိုင်းရပါလိမ့်မယ်"လို့ အသင်းဒါရိုက်တာ မက်တဲအူ အလီမန်နီက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က