ပွဲကစားခွင့်ပိုရချင်တယ် ပြောခဲ့လို့ အခုလို ဆူခံထိခဲ့တာပါ။

စပါးတိုက်စစ်မှူး ရစ်ချာလီဆန်က ပွဲကစားခွင့်နဲ့ ပတ်သက်လို့ မီဒီယာတွေရှေ့မှာ လူသိရှင်ကြား ပြောကြားခဲ့တာကြောင့် စပါးနည်းပြဟောင်း ကွန်တီက အသင်းသားအားလုံးရဲ့ရှေ့မှာ သူ့ကို နှစ်နာရီကြာ ဆူပူကြိမ်းမောင်းခဲ့ကြောင်း ဖွင့်ဟလာပါတယ်။ ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ စပါးကို ရောက်ရှိလာခဲ့သူပါ။



ဒါပေမယ့် သူက အသင်းနဲ့ ပထမဆုံးရာသီမှာ သာယာလှပတဲ့ အချိန်ကာလကို မဖြတ်သန်းနိုင်ခဲ့ဘဲ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ရစ်ချာလီဆန်က အခုလိုမျိုးပဲ သူ့အနေနဲ့ ပွဲကစားခွင့် ပိုမိုရရှိဖို့ ပိုမိုလိုအပ်ကြောင်း ပြောကြားခဲ့တာဖြစ်ပြီး အေစီမီလန်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ်ကထွက်ရပြီးတဲ့နောက် ကွန်တီက ရစ်ချာလီဆန်ကို ဒီကိစ္စအတွက် ဆူပူကြိမ်းမောင်းခဲ့တာပါ။

အဝတ်လဲခန်းထဲမှာ ကွန်တီက ရစ်ချာလီဆန်ကို တစ်ကိုယ်ကောင်းဆန်တဲ့ ကစားသမားအဖြစ် တံဆိပ်ကပ်နှိပ်ခဲ့ပြီး ဒီအကြောင်းကို ရစ်ချာလီဆန်က အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ ရစ်ချာလီဆန်က “ကျွန်တော်က အင်တာဗျူးတစ်ခုမှာ ပွဲကစားခွင့်ပိုရဖို့ လိုအပ်တယ်ဆိုပြီး အမှားအယွင်း လုပ်ခဲ့မိပါတယ်။ အဲ့ဒီနောက် ကျွန်တော် ပြန်တောင်းပန်ပြီး ကျွန်တော့်ကို အပြစ်ပေးနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်”

“သူကတော့ သူ့ကိုယ်သူ လုပ်ပိုင်ခွင့်ရှိကြောင်း ပြောခဲ့ပါတယ်။ ဒါကပဲ ပြဿနာတစ်ခုကို သူ့ရဲ့ ရင်ဆိုင်ပုံ၊ ရင်ဆိုင်နည်းဖြစ်ပါတယ်။ အားလုံးရဲ့ရှေ့မှာပဲ သူက ကျွန်တော့်ကို ဆူပူသွားခဲ့တာပါ” လို့ ပြန်ပြောင်း‌ ပြောကြားခဲ့ပါတယ်။ ကွန်တီဟာ စပါးကစားသမားတွေနဲ့ပဲ ပြဿနာတက်ခဲ့ပြီး ရာထူးကနေ နှုတ်ထွက်သွားခဲ့ရတာဖြစ်ပါတယ်။

ဆောက်သမ်တန်နဲ့ သုံးဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွန်တီက စပါးကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုအပေါ် လူသိရှင်ကြား‌ ဝေဖန်ခဲ့ပါတယ်။ ဒီအချက်ကြောင့်ပဲ ကစားသမားတွေနဲ့ ဆက်ဆံရေး ပြိုကွဲခဲ့ပြီး နောက်ဆုံးမှာတော့ ကွန်တီတစ်ယောက် စပါးနဲ့ လမ်းခွဲခဲ့ရတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က