Goal သတင်းထောက်က ပြန်လည်ဖွင့်ချခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးနည်းပြတူချယ်လ်က လူကာကူနဲ့ ကွန်တီကြားဆက်ဆံရေးကို နောက်ပြောင်ပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လူကာကူဟာ အင်တာမီလန်မှာကစားခဲ့တုန်းက ကွန်တီလက်အောက်မှာအားထားရတဲ့သူအဖြစ် ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိချိန်မှာ ပြိုင်ဘက်တွေဖြစ်ခဲ့ကြသူတွေပါ။ 

Goal ရဲ့ သတင်းထောက်ဖြစ်သူ Nizaar Kinsella ရဲ့ ပြောဆိုမှုအရ လူကာကူနဲ့ တူချယ်လ်တို့က စပါးပွဲတပွဲကို အတူတူကြည့်ရှုခဲ့ကြတယ်လို့ သိရကာ ပွဲကြည့်နေချိန်အတွင်းမှာ ကွန်တီက မင်းရဲ့အဖေလို့ တူချယ်လ်က လူကာကူကို ပြောဆိုခဲ့ကြောင်းဆိုပါတယ်။ Italian Football Podcast မှာ Kinsella က - 

"သူတို့ စပါးရဲ့ ပရီးမီးယားလိဂ်ပွဲတပွဲကို အတူတူကြည့်နေခဲ့တာဗျ၊ ပြီးတော့ တူချယ်လ်က 'အဲဒီမှာ မင်းအဖေရှိတယ်'ဆိုပြီး ကွန်တီအကြောင်းကိုပြောရော၊ ဒါက ဟာသတခုဖြစ်ပေမယ့် လူကာကူအတွက်တော့ ဒါက သိပ်မကောင်းမွန်ခဲ့ဘူးဆိုတာ သေချာပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ အင်တာမီလန်မှာတော့ ကွန်တီနဲ့ လူကာကူဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပြီး နှစ်ဦးစလုံးက အင်တာတို့ အမှတ်ပေးဖလားရအောင် ကူညီပေးနိုင်ခဲ့ကြပါတယ်။ 

အင်တာမီလန်ကနေ ကွန်တီထွက်ခွာချိန်မှာလည်း လူကာကူက သူ့ရဲ့အင်စတာဂရမ်ကတဆင့် ဂုဏ်ပြုစကားဆိုခဲ့ဖူးပါတယ်။ "ခင်ဗျားက အချိန်မှန်ရောက်လာခဲ့ပြီး ကျနော့်ကို ကစားသမားတဦးအနေနဲ့ ပြောင်းလဲပေးခဲ့တယ်၊ စိတ်ဓာတ်ပိုင်းပိုသန်မာစေခဲ့ပြီး ပိုအရေးကြီးတာကတော့ ကျနော်တို့ အတူတူအနိုင်ရခဲ့တာပါ၊ ခင်ဗျားပြောတာတွေကို ကျနော်မှတ်သားထားပါ့မယ်"

"ခင်ဗျားအတွက် ကစးပေးခဲ့ရတာ တကယ်ကျေနပ်ဖို့ကောင်းပါတယ်၊ ခင်ဗျားလုပ်ခဲ့တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားဆီမှာ ကျနော်အကြွေးတင်နေပါပြီ" လို့ လူကာကူက ရေးသားခဲ့တာပါ။ လူကာကူကတော့ ချယ်လ်ဆီးကို ပေါင်သန်း ၁၀၀ နဲ့ ပြန်ရောက်လာခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့လို့ အင်တာမီလန်ကို အငှားနဲ့ထွက်ခွာသွားခဲ့ပြီး လာမယ့်ရာသီသစ်ကို စတင်တော့မှာဖြစ်ပါတယ်။ 



Share

Loading Next Article...
က္က