မိုရာတာကို စပါးတို့ပစ်မှတ်ထားနေတာပါ။

စပါးဟာ လက်ရှိအချိန်မှာ အက်သလက်တီကိုကနေ ဂျူဗင်တပ်စ်မှာ အငှားနဲ့ ကစားနေတဲ့ တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီလို့ သိရှိရပါတယ်။ ဂျူဗင်တပ်စ်ဟာ ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူခဲ့ပြီးတဲ့နောက် မိုရာတာကို မလိုအပ်တော့တဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။



ဘာစီလိုနာဟာ မိုရာတာကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် လက်ရှိအချိန်မှာတော့ စပါးနဲ့နယူးကာဆယ်တို့က မိုရာတာကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားလာတာဖြစ်တယ်လို့ စပိန်အခြေစိုက်သတင်းဌာနတွေက ဖော်ပြနေပါတယ်။

မိုရာတာအနေနဲ့လည်း ပရီးမီးယားလိဂ်ကို အငှားနဲ့ ပြန်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပြီး အသက် (၂၉) နှစ်အရွယ် ဒီတိုက်စစ်မှူးဟာ တချိန်က ကွန်တီရဲ့ ချဲလ်ဆီးမှာ မအောင်မြင်တဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒါ့အပြင် မိုရာတာဟာ စပါးမှာ ကွန်တီစိတ်ကြိုက် ကစားသမားတယောက်လည်း မဖြစ်နိုင်ပါဘူး။

အဓိကအားဖြင့် ကြံ့ခိုင်မှုအသားပေး ပရီးမီးယားလိဂ်မှာ မိုရာတာရဲ့ ကစားပုံက အားနည်းချက်တွေ များပြားလွန်းပြီး အဆုံးသတ်ပုံ အားနည်းချက်ကလည်း သူ့ရဲ့ ချဲလ်ဆီး ကစားသမားဘဝကို ကျရှုံးစေခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ကွန်တီဟာ စပါးနည်းပြဖြစ်လာပြီးနောက် လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူခွင့်ရရှိမယ်လို့ အသင်းဘက်က ကတိပေးထားပေမယ့် လက်ရှိအချိန်ထိတော့ ကစားသမားသစ် မခေါ်ယူနိုင်သေးပါဘူး။ ကွန်တီလိုချင်နေတဲ့ ဝုလ်ဗ်တောင်ပံ ကစားသမား အဒမ်မာထရာအိုရေးကလည်း မနေ့ညက ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိ စပါးပစ်မှတ်ထားနေတဲ့ ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကိုလည်း လီဗာပူးက ကြားဖြတ်ခေါ်ယူဖို့ ကြိုးစားနေပြီး ကစားသမားဘက်ကလည်း လီဗာပူးကို ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေပါတယ်။ 

Share

Loading Next Article...
က္က