ကွန်တီကတော့ စပါးနည်းပြဘဝနဲ့ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲကိုရယူနိုင်ခဲ့တာပါ။

ကွန်တီကတော့ သူ့ရဲ့ လက်စွဲတော်ကစားကွက် ၃-၄-၁-၂ ပုံစံနဲ့ပဲ ပွဲထွက်လာခဲ့ပြီး လတ်တလောအနေအထားအရတော့ ကွင်းလယ်မှာ ဟို့ချ်ဘာ့ချ်နဲ့တွဲမယ့် နောက်တစ်ယောက်အတွက်ပဲ စဥ်းစားစရာရှိတော့ပုံပါပဲ။



လိုရစ်၊ ဘင်ဒေးဗီးစ်၊ အဲရစ်ဒိုင်ယာ၊ တန်ဂန်ဂါ၊ Wing Back တွေအဖြစ် အီမာဆင်၊ ရီဂွယ်လွန်တို့နှစ်ယောက်၊ ဟို့ချ်ဘာ့ချ်၊ လူးကပ်စ်မော်ရာ၊ ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့က ကွန်တီအတွက် ဂဏန်းငြိမ်ပြီးသား (၁၀) ယောက်လို့ဆိုနိုင်ပါတယ်။ လိဒ်စ်ကလည်း ဘမ်းဖို့ဒ်၊ အေလင်းတို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ သူတို့အတွက် အတောင့်တင်းဆုံးလို့ဆိုနိုင်မယ့် လူစာရင်းကိုပဲ ပွဲထုတ်ခဲ့တာပါ။

ပွဲကစားချိန် အစောပိုင်းမိနစ်တွေမှာ လိဒ်စ်က ပိုမိုဖိအားပေးနိုင်ခဲ့ပြီး ဒန်နီယဲယ်ဂျိမ်းစ်၊ ဟာရီဆင်တို့ရဲ့ တောင်ပံတွေကနေ အဓိကထားထိုးဖောက်ခဲ့ပါတယ်။ ဒါပေမယ့် Final Pass တွေ လိုအပ်ချက်ရှိခဲ့သလို အဆုံးသတ်မယ့် တိုက်စစ်မှူးကောင်းကောင်းလည်းမရှိခဲ့ပါဘူး။

စပါးက တဖြည်းဖြည်းပြန်လည်ဖိအားပေးလာတဲ့နောက် ပွဲက လျင်လျင်မြန်မြန်နဲ့ ပိုကြည့်ကောင်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးတိုက်စစ်ပိုင်းက အားနည်းမှုတွေရှိခဲ့ပြီး ဟာရီကိန်းကတော့ နိုင်ငံအသင်းမှာ ဂိုးသွင်းသလောက် ကလပ်မှာ ဂိုးပေါက်ပျောက်နေဆဲပါ။ ပထမပိုင်းပြီးခါနီးမှာ လိဒ်စ်တို့ မထင်မှတ်ဘဲ ဦးဆောင်ဂိုးရခဲ့ပြီး ဟာရီဆင်ရဲ့ ရုန်းကန်ဖြတ်တင်ပေးမှုကတဆင့် ဒန်နီယဲယ်ဂျိမ်းစ် ပိတ်သွင်းခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ ပွဲကပိုမိုကြည့်ကောင်းလာခဲ့ပြီး ဟာရီကိန်း၊ ဆွန်ဟောင်မင်တို့ရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ဂိုးမဖြစ်ခဲ့တာကြောင့် စပါးတို့ နစ်နာခဲ့ရပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၅၇) မိနစ်မှာတော့ စပါးတို့ ချေပဂိုးရခဲ့ပြီး လူးကပ်စ်မော်ရာ ချပေးလိုက်တဲ့ ဘောလုံးကို ဟို့ချ်ဘာ့ချ်က ကန်သွင်းယူခဲ့တာပါ။ 

လိဒ်စ်ရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း စပါးတို့ ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး အထူးသဖြင့် ညာတောင်ပံက ဒန်နီယဲယ်ဂျိမ်းစ်ရဲ့ လျင်မြန်တဲ့ ထိုးဖောက်မှုတွေက စပါးနောက်တန်းကို အကျပ်ရိုက်စေခဲ့ပါတယ်။ ဒါပေမယ့် စပါးရဲ့ တိုက်စစ်ပိုင်းက တော်တော်လေးကောင်းမွန်လာခဲ့တဲ့နောက် လိဒ်စ်ခံစစ်ဖရိုဖရဲဖြစ်လာခဲ့ပြီး ဟာရီကိန်းရဲ့ ဖရီးကစ် လမ်းကြောင်းပြောင်းပြီး တိုင်ထိထွက်လာတာကို ရီဂွယ်လွန်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။ 

နောက်ပိုင်းမှာတော့ တစ်ဖက်နဲ့တစ်ဖက် ထိုးဖောက်မှုတွေရှိခဲ့ပေမယ့် သွင်းဂိုးတွေထပ်မံမမြင်တွေ့ရတော့ဘဲ ကွန်တီအတွက် စပါးနည်းပြဘဝ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိခဲ့ပါတယ်။ 

Share

Loading Next Article...
က္က