နောက်တဆင့်မဲခွဲပွဲကို သောကြာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်လက်ရွေးစင်ဂိုးသမား ကူတွာက ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ မန်ချက်စတာစီးတီး၊ ချဲလ်ဆီးတို့နဲ့ မတွေ့ဆုံစေချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညနေက ဘာနေဗျူးမှာ လီဗာပူးလ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ၂ ကျော့ပေါင်း ၆-၂ နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နောက်တဆင့်မဲခွဲပွဲကို သောကြာနေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းဟာ အစ်တီဟတ်မှာ လိုက်ပ်ဇစ်ကို ၇-၀ နဲ့ အပြတ်အသတ် ချေမှုန်းပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်သလို ချဲလ်ဆီးအသင်းကလည်း ဒေါ့မွန်ကို ဖြုတ်ပြီး ကွာတားတက်လာခဲ့တာဖြစ်ပါတယ်။

 

ဘိုင်ယန်မြူးနစ်အသင်းကလည်း ပီအက်စ်ဂျီအသင်းကို အထင်ကြီးဖွယ်စွမ်းဆောင်ရည်နဲ့အတူ ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်စေခဲ့ပြီး နာပိုလီကလည်း ယခုရာသီ စီးရီးအေအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းဆိုတာကို ဖရန့်ဖွတ်ကို ဖြုတ်ပစ်ပြီး ပြသခဲ့တာဖြစ်ပါတယ်။

 

ဘင်ဖီကာ၊ အင်တာ၊ အေစီမီလန်တို့ကလည်း ကွာတားဖိုင်နယ်အဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနိုင်​ဖွယ်ရှိနေပေမယ့်လည်း ကူတွာက အသင်း ၂ သင်းနဲ့ မတွေ့ဆုံချင်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် အပြောင်းအလဲ နည်းနည်းတော့ လုပ်ချင်ပါတယ်။ မနှစ်က ကျွန်တော်တို့ စီးတီး၊ ချဲလ်ဆီးတို့နဲ့ ရင်ဆိုငခဲ့ရပြီးပါပြီ။ ကျွန်တော်တို့ ဒီနှစ်မှာ တခြားအသင်းတွေနဲ့ ရင်ဆိုင်ကစားရမလားဆိုတာ ကြည့်တာပေါ့။ ဟာလန်းက အရမ်းကောင်းပါတယ်။ သူက ဘောလုံးလောကရဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးပါ။ မနှစ်က ကျွန်တော်တို့ အသင်းထဲမှာရှိနေတဲ့ စိတ်ဓာတ်က ဘာလဲဆိုတာကို အံ့အားသင့်ဖွယ် ပြန်လာနိုင်မှုနဲ့ ရှင်းရှင်းလင်းလင်း ပြသနိုင်ခဲ့တယ်။ ကျွန်တော်တို့ လေးစားမှုရခဲ့တယ်။ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်က အမြဲတမ်း နေရာတစ်ခုမှာ ရှိနေတယ်ဆိုတာကို ပြသခဲ့တယ်”လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က