ဒဏ်ရာပြဿနာတွေ စတင်ရင်ဆိုင်နေရပါပြီ။

အဓိက ဂိုးသမား နာဗက်စ် ဒဏ်ရာက ဆီမီးမှာပါဖို့ မသေချာသလို ကွင်းလယ်လူဗာရက်တီလည်း ပါဝင်ဖို့ မသေချာ သေးပါဘူး။

နာမည်ကြီး ပီအက်စ်ဂျီအသင်းကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ တွေ့ဆုံနေတဲ့ လိုက်ပ်ဇက်အသင်းနဲ့ ပွဲစဥ်အတွက် စိတ်အနှောက်အယှက် ဖြစ်စရာ စတင်ကြုံတွေ့လာရပါပြီ။



ဒါကတော့ အခြားမဟုတ်ပဲ အသင်းရဲ့ အဓိက ဂိုးသမား ကီလာနာဗက်စ် တံကောက်ကြောဒဏ်ရာရရှိထားပြီး အဆိုပါ ဆီမီးဖိုင်နယ်ပွဲမှာ ပါဝင်ဖို့ မသေချာ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။

နာဗက်စ်ကတော့ အတ္တလန္တာကို ၂-၁နဲ့ အနိုင်ရခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် ကစားပွဲမှာ အသင်းအတွက် ကာကွယ်မှု ကောင်းတွေ လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ သူမပါဝင်နိုင်ခဲ့ဘူးဆိုရင်တော့ ဆာဂျီယိုရီကို အစားထိုး ဖမ်းဖို့ ရှိနေပါတယ်။

နာဗက်စ်အနေနဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအတွက် ယခုနှစ်ရာသီမှာ ပွဲပေါင်း ၃၄ပွဲကစားပေးထားပြီး အားထားရ တဲ့ ဂိုးသမား တစ်ဦးဖြစ်တာကြောင့် လာမယ့် အင်္ဂါနေ့မှာ ဆက်လက်ကစားရမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ် အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး အဖြစ် ရှိနေတာပါ။

ပီအက်စ်ဂျီအသင်းကတော့ - “ MRI ဓာတ်မှန်ရိုက်စစ်ဆေးချက်မှာတော့ တံကောက်ကြောကြွက်သား စုတ်ပြဲ သွား ပါတယ်။အခြေအနေကိုတော့ လာမယ့် စနေနေ့မှာ ထပ်မံ စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပြီး အင်္ဂါနေ့ပွဲအတွက်မူ မသေ ချာပါဘူး။”လို့ ထုတ်ပြန်ထားပါတယ်။

အခြားတစ်ဖက်မှာတော့ အတ္တလန္တာနဲ့ပွဲမှာပဲ တံကောက်ကြောဒဏ်ရာရခဲ့တဲ့ နောက်ခံလူ သီယာဂို ဆေးလ်ဗား ကတော့ ကြီးမားတဲ့ ဒဏ်ရာမရရှိခဲ့ဘူးလို့အသင်းနည်းပြ တူချယ်က ပြောလာတဲ့အတွက် ပီအက်စ်ဂျီအတွက် အနည်းငယ် စိတ်သက်သာရာရခဲ့တယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် ကွာတားဖိုင်နယ်ပွဲမှာ ခြေသလုံးဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ကွင်းလယ်လူ ဗာရက်တီအနေနဲ့လည်း ဒဏ် ရာကို စနေနေ့မှာ စစ်ဆေးမှုခံယူဖို့ ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က