ပွဲပယ်ခံထားရတဲ့မော်ရင်ဟိုတစ်ယောက် ကွင်းအပြင်မှာ ညစာစားခဲ့ရတာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုဟာ မနေ့က ကစားခဲ့တဲ့ ကယ်ဂလီယာရီနဲ့ရိုးမားတို့ရဲ့ အဝေးကွင်းပွဲအတွက် ကွင်းဘေးစည်းမှာ ဝင်ရောက်ကြီာက်ကြမားတို့ရဲ့ အဝေးကွင်းပွဲမတွ လိုအပ်နေတာပါ်တာတစ်ခုကို ထုတ်နးကြပ်ခွင့်မရခဲ့သလို အသင်းအဝတ်လဲခန်းထဲကိုလည်း ဝင်ရောက်ခွင့်မရရှိခဲ့ပါဘူး။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက နာပိုလီနဲ့ ကစားခဲ့တဲ့ပွဲမှာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် အခုလိုမျိုး ပြစ်ဒဏ်ချမှတ်ခံရတာပါ။



အဲ့ဒီပွဲမှာ မော်ရင်ဟိုက ဒုတိယအဝါကတ်ထိချိန်မှာ ကွင်းလယ်ဒိုင်လူကြီးကို လက်မထောင်ပြကာ လှောင်ပြောင်ခဲ့သလို ပွဲကြည့်စင်ပေါ်ရောက်သွားချိန်မှာလည်း ဘောင်ပေါ်တက်ကာ အသင်းကို မရ,ရအောင် ညွှန်ကြားခဲ့ပါသေးတယ်။ မနေ့က ကစားခဲ့တဲ့ ကယ်ဂလီယာရီနဲ့ရိုးမားတို့ပွဲမှာတော့ ဧည့်သည်ရိုးမားက ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

အဲ့ဒီပွဲအပြီး ကွင်းအပြင်ဘက် လှေကားထစ်နားမှာ မော်ရင်ဟိုတစ်ယောက် ကိုကာကိုလာဗူးနဲ့အတူ ညစာထိုင်စားနေတာဖြစ်ပြီး ဒီပုံကိုလည်း သူ့ရဲ့အင်စတာဂရမ်မှာ မျှဝေထားပါသေးတယ်။ “ပွဲပြီးသွားပြီ။ အနိုင် (၃) မှတ်ရခဲ့တယ်။ ညစာကလည်း သိပ်ကိုကောင်းတာပဲ (အဝတ်လဲခန်းထဲ ဝင်ရောက်ခွင့်မရှိ)” လို့လည်း ရေးသားထားပါသေးတယ်။

မော်ရင်ဟိုရဲ့ ဒီအပြုအမူအပေါ်မှာတော့ ရိုးမားပရိသတ်တွေက နှစ်ခြိုက်သဘောကျနေကြပါတယ်။ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကို ကိုင်တွယ်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ရောမမြို့မှာသာ ဆက်ရှိနေမယ့်အကြောင်း၊ ဒီအသင်းနဲ့အတူ စီမံကိန်းတွေရှိသေးကြောင်း၊ ကစားသမားတွေကို မထားခဲ့နိုင်ကြောင်း ပြောကြားထားသူပါ။

ဒါပေမယ့်လည်း မော်ရင်ဟိုနဲ့ပတ်သက်လို့ ရိုးမားကစားသမားအချို့ရဲ့ အေးဂျင့်တွေက မကျေမနပ်ဖြစ်နေကြပါတယ်။ ကွန်ဖရင့်လိဂ်မှာ နော်ဝေက အသင်းငယ်လေး ဘိုဒိုဂလင့်မ်ကို အဝေးကွင်းမှာ ၆-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် မော်ရင်ဟိုက ရိုးမားကစားသမားအချို့ကို အရံစာရင်းမှာတောင် မထည့်သွင်းထားတာကြောင့် အသင်းတွင်းမှာ စည်းလုံးမှုပျက်ပြားအောင် လုပ်ဆောင်နေတာလားဆိုပြီးတော့လည်း မေးခွန်းထုတ်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က