အာတီတာရဲ့ အပြုအမူတွေကို ဝေဖန်ပြောကြားခဲ့တာပါ။

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်းကြီး ဂယ်ရီနဗီးလ်က အာဆင်နယ်နည်းပြ အာတီတာရဲ့ ကွင်းဘေးစည်းပေါ်က အပြုအမူတွေဟာ အသင်းအတွက် ဘာအကူအညီမှ မဖြစ်စေကြောင်း ဝေဖန်ပြောကြားလိုက်ပါတယ်။ အာတီတာဟာ သူ့အသင်းကို ညွှန်ကြားရင်း စိတ်လှုပ်ရှားလွယ်တဲ့ နည်းပြလည်းဖြစ်ပါတယ်။



ဒါ့အပြင် သူ့ရဲ့ ညွှန်ကြားမှုတွေက တော်တော်လေးကို အားပါပြီး ပွဲအတွင်းမှာ လုံးဝကို စီးဝင်နစ်မျောနေသလိုမျိုး ဘာကိုမှ သတိမထားမိနိုင်အောင် ဖြစ်လေ့ရှိတာပါ။ စပါးနဲ့တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာလည်း အာတီတာရဲ့ အလားတူပုံစံမျိုးကို မြင်တွေ့ခဲ့ရပြီး နဗီးလ်က လက်ရှိအချိန်မှာတော့ အာတီတာကို ဝေဖန်ပြောကြားခဲ့တာဖြစ်ပါတယ်။

နဗီးလ်က “အခု အာဆင်နယ်အသင်းကနေ တည်ငြိမ်တဲ့ပုံစံမျိုးကို ကျွန်တော် မြင်ချင်ပါတယ်။ ဒါပေမယ့် ဒါက ခက်ခဲတဲ့အရာတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့နည်းပြက ကစားသမားတွေကို မယုံကြည်သလိုမျိုး ကွင်းဘေးမှာ ခုန်ပေါက်နေတာကြောင့်ပါ။ စိတ်အားထက်သန်မှုကို ကျွန်တော် မြင်ချင်ပါတယ်”

“နောက်ပြီး တည်ငြိမ်အေးဆေးမှုကိုလည်း ကျွန်တော် မြင်ချင်တာပေါ့။ ဒါပေမယ့် ဒီအရာတွေက ကွဲလွဲနေသလို ခံစားရပါတယ်။ ဒါမျိုးကို မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့အခိုက်အတန့်မျိုးမှာပဲ မြင်ချင်တာပါ။ သူတို့ ဆာကာရဲ့ ပင်နယ်တီဂိုးနဲ့ ဒုတိယမြောက်ဂိုးကို ရလိုက်ပါတယ်။ ဒါက လှပတဲ့ ပင်နယ်တီသွင်းဂိုးပါ။ ဒီအတွက် အောင်ပွဲခံပါ၊ ရပါတယ်”

“ဘာကြောင့်လဲဆိုတော့ ဒါက ဘယ်လောက် အရေးကြီးလဲဆိုတာ ပရိသတ်တွေကို ပြသချင်လို့လေ။ ဒါပေမယ့် စီနီယာကစားသမားနှစ်ယောက်၊ သုံးယောက်လောက်က ‘ကိုယ့်လူတွေ လုပ်ထား၊ ကျော်ဖြတ်ကြမယ်’ ဘာညာနဲ့ ပြောနေကြပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ဆာကာရဲ့သွင်းဂိုးတွေနဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် အိမ်ကွင်းမှာ နှစ်ဂိုးစီသရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က