နှစ်ယောက်သား ပွဲကြမ်းခဲ့ကြတာပါ။

မနေ့က ကစားခဲ့တဲ့ ဂျီနိုအာနဲ့ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းနည်းပြအယ်လီဂရီနဲ့ တိုက်စစ်မှူးမိုရာတာတို့ဟာ ကွင်းဘေးနားမှာ အချင်းများမှုတွေဖြစ်ပွားခဲ့ကြပါတယ်။ ဂျူဗီက ၁-၀ နဲ့ ဦးဆောင်နေချိန် ပွဲကစားချိန် ၇၃ မိနစ်မှာ အယ်လီဂရီက မိုရာတာကို ထုတ်ကာ မွိုက်ကီးန်စ်ကို လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ ပြသနာတက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 



အယ်လီဂရီရဲ့ ဆုံးဖြတ်ချက်အပေါ် မိုရာတာက ဒေါသထွက်နေခဲ့တယ်လို့သိရပြီး မကျေနပ်တဲ့အမူအရာတွေပြသခဲ့ပါတယ်။ လူစားလဲခဲ့ချိန် ကွင်းပြင်ထွက်ခဲ့ရာမှာ အယ်လီဂရီကို နှုတ်ဆက်ခြင်းမရှိဘဲ ကျော်ထွက်သွားခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အရန်ခုံတန်းပေါ် သူမရောက်ခင်မှာပဲ နှစ်ဦးသား အပြန်အလှန်စကားများခဲ့ကြပါတယ်။ 

သူ့ကို ကျော်သွားတဲ့ မိုရာတာကို အယ်လီဂရီက ပခုံးကနေ ဆောင့်တွန်းခဲ့ကာ "မင်း ပြစ်ဒဏ်တခုလုပ်ခဲ့တယ်၊ မင်းပါးစပ်ကို ပိတ်ထားလိုက်တော့" လို့ အော်ပြောခဲ့တာကို ကွင်းအတွင်း မိုက်ခရိုဖုန်းခ်က ဖမ်းယူရမိခဲ့ပါတယ်။ မိုရာတာကလည်း ဒေါသတော်တော်လေးထွက်ခဲ့ပြီး "ငါ ဘာတွေလုပ်ခဲ့လို့လဲ" လို့ ပြန်အော်ပြောခဲ့တယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


အဆိုပါပွဲမှာ ဂျူဗင်တပ်စ်က ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ကွာဒရာဒိုနဲ့ ဒီဘာလာတို့က အနိုင်ဂိုးတွေသွင်းယူပေးခဲ့ကြပါတယ်။ ကွာဒရာဒိုကတော့ ထောင့်ကန်ဘောကတဆင့် တိုက်ရိုက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂျူဗီဟာ အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပေမယ့် ဇယားထိပ်ဆုံးက အေစီမီလန်နဲ့တော့ ၉ မှတ်အထိ ပြတ်တောက်နေဆဲလည်းဖြစ်ပါတယ်။ 

Share

က္က