ဂိုးဧရိယာထိပ်မှာ လူပေးမှားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်နဲ့ အင်္ဂလန်တို့ရဲ့ပွဲစဉ်ကတော့ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒီပွဲကို လက်ခံကျင်းပခဲ့တဲ့ ကွင်းမျက်နှာပြင်က တော်တော်လေးကို ဆိုးရွားနေခဲ့ပြီး နှစ်ဖက်ကစားသမားတွေလည်း အခက်တွေ့ခဲ့ပါတယ်။



ဘောလုံးပေးတဲ့အခါ၊ ဟန်ချက်ထိန်းတဲ့အခါတွေမှာ အခက်တွေ့ခဲ့ရပြီး အမှားအယွင်းတွေလည်း ပြုလုပ်မိခဲ့ကြပါတယ်။ ဝေါလ်ကာဆိုရင်လည်း ဒီကွင်းမျက်နှာပြင်ကြောင့်ပဲ ဖိနပ်တစ်ရံလဲစီးခဲ့ရပြီး ကံကောင်းလို့သာ ဒဏ်ရာကြီးကြီးမားမား မရခဲ့တာပါ။


ဒုတိ​​ယပိုင်းမှာ အင်္ဂလန်ရဲ့ ဂိုးဧရိယာထိပ် ပစ်ဖို့ဒ်၊ ဂေဟီနဲ့ ဒကလန်ရိုက်စ်တို့ ဘောလုံးပေးပို့နေချိန်မှာလည်း ဒကလန်ရိုက်စ်က လူပေးမှားခဲ့ပြီး အင်္ဂလန်တို့ ထောင့်ကန်ဘောပေးလိုက်ရပါတယ်။ အသင်းဖော်ဂိုးသမား ပစ်ဖို့ဒ်ပေးတာကို ဒကလန်ရိုက်စ်က စထိန်းကတည်းက ဒုက္ခများနေခဲ့တာပါ။

အဲ့ဒီနောက်​ ဂေဟီကို အလောတကြီးနဲ့ ဘောလုံးပြန်ပေးလိုက်ချိန်မှာတော့ ဘောလုံးက ချော်ထွက်သွားခဲ့ပါတယ်။ ဂေဟီက ဒီဘောလုံးကို လိုက်ဆယ်ခဲ့ပေမယ့် ထောင့်ကန်ဘောပေးလိုက်ရပါတယ်။

ဒီလိုမျိုး အမှားအယွင်းကျူးလွန်ခဲ့တဲ့နောက် ဒကလန်ရိုက်စ်က ကွင်းကို လက်ညှိုးထိုးကာ အပြစ်ဖို့နေခဲ့တာပါ။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ဒီဖြစ်ရပ်က ကွင်းအခြေအနေဆိုးရွားတာနဲ့ ဘာမှမဆိုင်ဘဲ ဒကလန်ရိုက်စ်ရဲ့အမှားသာဖြစ်တယ်လို့ ဝိုင်းဝန်းလှောင်ပြောင်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က