မနေ့ကပွဲမှာ ရီးရဲလ်တို့ ပင်နယ်တီသုံးလုံးအထိ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ ဆယ်လ်တာဗီဂိုနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ပွဲစဉ်မှာ ရီးရဲလ်က အဝေးကွင်းမှာ ၁-၂ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ ဆယ်လ်တာက အိမ်ကွင်းမှာ အမှတ်တမှတ်ရယူနိုင်ချေရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ကွင်းလယ်ဒိုင်လူကြီးပေးတဲ့ ပင်နယ်တီ ၃ ကြိမ်ရရှိခဲ့ကာ ဘန်ဇီမာက ၂ ကြိမ်ဝင်အောင်ကန်သွင်းပြီး နိုင်ပွဲရရှိသွားခဲ့ပါတယ်။ 

ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို ပွဲအပြီးမှာ ဆယ်လ်တာတိုက်စစ်မှူး အက်စ်ပက်စ်က ပြင်းပြင်းထန်ထန်ဝေဖန်သွားခဲ့ပါတယ်။ သူက "လေးလုံးမြောက်ပင်နယ်တီကို သူကိုယ်တိုင်ကန်သွင်းဖို့တခုတည်းပဲ လိုတော့တာပါ၊ သူ့ကိုကြည့်ရတာ ဘန်ဇီမာကို ဟက်ထရစ်ရစေချင်နေပုံပဲ၊ သူ လိုချင်နေတာနဲ့ သူရှာဖွေနေတာက အဲဒါဖြစ်မယ်ဗျ"

"ကျနော့်အတွက် အနိုင်ရဖို့က အရေးကြီးပါတယ်၊ အနိုင်ရဖို့ ထိုက်တန်တာ၊ မထိုက်တန်တာတွေက အရေးမကြီးဘူး၊ ကျနော်ကအနိုင်ရသူတယောက်ပါ၊ အနိုင်ရတာကို နှစ်သက်ပြီးတော့ အိမ်ပြန်ချင်တာပါ၊ အခုတော့ ကျနော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် အမှတ်ကတော့ သုညပဲ ရရှိခဲ့ပါတယ်၊ ကော်တွိုက်စ်ကတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားပဲ၊ အရင်ပွဲတွေကလည်း ကျနော်ပြောဖူးပြီးသားပါ"

"ကျနော့် ဖရီးကစ်ကိုလည်း သူ ကာကွယ်နိုင်ခဲ့တယ်၊ ဒင်းနစ်ဆွာရက်ဇ်ရဲ့ ကန်ချက်နဲ့ ခေါင်းတိုက်ချက်ကိုလည်း သူ ကာကွယ်နိုင်ခဲ့တယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်ကတော့ ဒီနိုင်ပွဲကြောင့် လာလီဂါဖလားကို ရယူနိုင်ဖို့ ရှေ့တလှမ်းတိုးလာနိုင်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ပြိုင်ဘက်တွေကို အမှတ်အပြတ်ဖြတ်ထားနိုင်ဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က