နှစ်သစ်ရဲ့ ပရီးမီးယားလိဂ်အစောဆုံးပွဲကတော့ အငြင်းပွားစရာတွေနဲ့ စတင်ခဲ့ပါတယ်။ အိမ်ရှင်အာဆင်နယ်တို့ နစ်နာခဲ့ရတဲ့ပွဲလို့ ဆိုရမှာဖြစ်ပြီး မန်စီးတီးကတော့ ကံတရားမျက်နှာသာပေးသလား၊ ကွင်းလယ်ဒိုင်မျက်နှာဒိုင်ပေးသလားဆိုတာ ကိုယ့်စိတ်နဲ့ကိုယ်ဆုံးဖြတ်ရတော့မယ့်ကိန်းဆိုက်နေတယ်လို့ပဲ ပြောချင်ပါတော့တယ်။
အီဒါဆန်ရဲ့ ဖျက်ထုတ်မှုကနေ ပင်နယ်တီရရှိခဲ့သင့်ပေမယ့် ကွင်းလယ်ဒိုင်က ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ဆာကာက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အာတီတာအနီးကပ်မကြီးကြပ်နိုင်ခဲ့ပေမယ့် အာဆင်နယ်က မန်စီးတီးကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပြီး ခြိမ်းခြောက်နိုင်ခဲ့သလို ဖိအားတွေပါ ပေးနိုင်ခဲ့တာပါ။
ဒုတိယပိုင်းမှာ အလှည့်အပြောင်းဖြစ်လာတာက ရှာခါရဲ့ ဘာနာဒိုဆေးလ်ဗားကို ဖျက်ထုတ်မှုပါ။ စောဒကတက်ရာကနေ ဂါဘရီရယ်အဝါထိခဲ့ပြီး ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ဂါဘရီရယ်နောက်ထပ်အဝင်ကြမ်းလို့ အဝါအပြခံရပြီး အနီထိသွားခဲ့လို့ အာဆင်နယ်တို့ အားနည်းသွားခဲ့ရပြီး မန်စီးတီးက ပွဲကို ထိန်းချုပ်လာခဲ့ပြီး အနိုင်ဂိုးရဖို့ အားကုန်ထည့်ကစားလာခဲ့ပါတယ်။
တချိန်လုံးမှာ ကြံ့ကြံ့ခံကစားလာခဲ့တဲ့ အာဆင်နယ်တို့ နာကျင်အချိန်ပိုအရောက်မှာတော့ ကံဆိုးစွာနဲ့ ဂိုးပေးခဲ့ရပါတယ်။ ဒီဂိုးကိုတော့ ရိုဒရီက ဧရိယာအတွင်း သူ့ရှေ့ကျလာတဲ့ဘောလုံးကို အပိုင်ပိတ်သွင်းယူခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် မန်စီးတိးတို့ အမှတ်ပေးဇယားမှာ ချယ်လ်ဆီးထက် တပွဲပိုကစားပြီး ၁၁ မှတ်အထိဖြတ်ထားခဲ့ပြိဖြစ်ကာ ရမှတ်ဆုံးရှုံးနိုင်တဲ့ပွဲကနေ အမှတ်ပြည့်ရယူသွားနိုင်ခဲ့ပါတယ်။