ဒီရာသီ အမှတ်ပေးပွဲမှာ ပထမဆုံးရှုံးပွဲလည်းဖြစ်ပါတယ်။

လီဗာပူးလ်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပထမဆုံးအရေးနိမ့်မှု ဖြစ်လာခဲ့သလို နိုင်ငံတကာပွဲတွေကစားဖို့ရှိလာချိန်မှာ အဆင့် ၃ နေရာကိုပါ ဝက်စ်ဟမ်းကို လွှဲပေးလိုက်ရလို့ ရှုံးချက်နာခဲ့ရပါတယ်။ 


အဝေးကွင်းမှာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြကလော့ပ်ဟာ ကွင်းလယ်ဒိုင်ခရိတ်ပေါလ်ဆင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဒီပွဲအရေးနိမ့်မှုဟာ လီဗာပူးလ်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပထမဆုံးအရေးနိမ့်မှု ဖြစ်လာခဲ့သလို နိုင်ငံတကာပွဲတွေကစားဖို့ရှိလာချိန်မှာ အဆင့် ၃ နေရာကိုပါ ဝက်စ်ဟမ်းကို လွှဲပေးလိုက်ရလို့ ရှုံးချက်နာခဲ့ရပါတယ်။ 



ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးက အဓိကအရေးပါတဲ့ဆုံးဖြတ်ချက်နှစ်ခုကို မှားယွင်းချမှတ်ခဲ့တယ်လို့ ကလော့ပ်က စွပ်စွဲခဲ့ပါတယ်။ ပထမတစ်ခုကတော့ အယ်လစ်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးတွေကို ခွင့်ပြုခဲ့မှုနဲ့ နောက်တခုကတော့ ပြိုင်ဘက်ကစားသမားခရက်စ်ဝဲလ်ကို အနီကတ်ပြမထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ 

"အယ်လစ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ ကျွန်တော်ထင်တယ်၊ အော့ဘွန်နာရဲ့ လက်မောင်းက သူ့ဆီကို ရောက်သွားခဲ့ပါတယ်၊ ကွင်းလယ်ဒိုင်က ဒါကို သူ့အတွက်တော့ လွယ်လွယ်လေးပဲဆိုပြီးလုပ်ခဲ့တယ်၊ ပြီးတော့ VAR က ဘာပြောလဲ ကြည့်ပါဦးဆိုပြီး ပြောခဲ့တယ်၊ ကစားသမားတွေ ပြောတာကတော့ ရှင်းရှင်းလင်းလင်းမသိရဘူးတဲ့၊ ဘာကြောင့်လဲ ကျွန်တော်မသိဘူး၊ ဒါက တကယ်ထူးဆန်းပါတယ်၊ လူကပ်ထားတာလည်းမဟုတ်ပါဘူး၊ ဂိုးသမားကို ပိတ်ထားတာပါ"

"လူတွေက ကျွန်တော်ဆင်ခြေပေးတယ်လို့ မြင်ကြဦးမယ်၊ မဟုတ်ပါဘူး၊ အရမ်းကြိးခြေစွမ်းမကောင်းဘဲ ရှုံးတာမျိုးကို ကျွန်တော်လက်ခံပါတယ်၊ ဒီနေ့ကို ကျွန်တော်တို့အရေးနိမ့်ခဲ့တယ်၊ ဒါပေမယ့် လက်ခံပါတယ်၊ ဒါပေမယ့် ပွဲချိန်တွင်းအခြေအနေတွေကိုတော့ ပြောတဲ့အခါမှာ ကွင်းလယ်ဒိုင်တစ်ယောက်ဆီက ပုံမှန်ဆုံးဖြတ်ချက်မျိုးတော့ လိုအပ်ပါတယ်၊ သူက အဲဒီလိုတောင်မလုပ်ခဲ့ပါဘူး"

"ခရက်စ်ဝဲလ်က ဟန်ဒါဆန်ကို ဖျက်ထုတ်ခဲ့တာလည်း ကျွန်တော်မြင်တာပဲ၊ ဒါက သေချာပေါက်အနီကတ်ပါ၊ ဆွေးနွေးစရာတောင်မလိုပါဘူး၊ သူ ဘာတွေပြောခဲ့လဲ ကျွန်တော်မသိဘူး၊ ဒါပေမယ့် သူ့ဆုံးဖြတ်ချက်ကိုတော့ သူ ယုံကြည်နေတာကိုမြင်ရပါတယ်၊ အရာအားလုံးက ကွင်းလယ်ဒိုင်ပါပဲ" လို့ ကလော့ပ်က ပြောသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ ၃-၂ အထိ လိုက်ကစားနိုင်ခဲ့ပေမယ့် နောက်ထပ်ချေပဂိုးမရခဲ့တာကြောင့် အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က