လီဗာပူးလ်ပရိသတ်တွေကိုယ်တိုင် မကျေမနပ်ဖြစ်နေပါတယ်။

လီဗာပူးလ်ကတော့ သူတို့ရဲ့ အင်အားထပ်ဖြည့်မှုအဖြစ် ဂျူဗင်တပ်စ်ကွင်းလယ်လူအာသာမယ်လိုကို စျေးကွက်နောက်ဆုံးနေ့မှာ အငှားနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။ ရာသီကုန်ထိ အငှားဖြစ်ပြီး အပြီးသတ်ဝယ်ယူခွင့်မပါဝင်ဘူးလို့သိရကာ ဘာစီလိုနာကွင်းလယ်လူဟောင်းအတွက်တော့ ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်ခြေချနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

အာသာမယ်လိုကို ခေါ်ယူခဲ့တာဟာ ဒဏ်ရာရကစားသမားတွေများပြားနေတဲ့ ကွင်းလယ်ပိုင်းအတွက် အားဖြည့်မှုဖြစ်ပေမယ့်လည်း ဒီခေါ်ယူမှုကတော့ ဝေဖန်ခံနေရပါတယ်။ အထူးသဖြင့် လီဗာပူးလ်ပရိသတ်တွေကိုယ်တိုင်က ဝေဖန်ခဲ့ကြတာဖြစ်ပြီး အဓိကအားဖြင့်တော့ မယ်လိုရဲ့ ဒဏ်ရာမှတ်တမ်းကြောင့်ဖြစ်ကာ ဒီအပြောင်းအရွှေ့အပေါ်ကို ကျေနပ်မှုနည်းပါးနေခဲ့ကြပါတယ်။

မယ်လိုဟာ ဂျူဗီမှာ ဩဂုတ်လ ၈ ရက်နေ့က ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီး ၈ ရက်ကြာအနားယူခဲ့ရသူဖြစ်ပါတယ်။ ဘာစီလိုနာကို သူ ရောက်ရှိခဲ့ချိန်ကစလို့ လက်ရှိအချိန်ထိ ဒဏ်ရာ ၁၆ ကြိမ်ရရှိခဲ့ပြီး စုစုပေါင်းအနားယူရက်က ၁ နှစ်ကျော်ရှိခဲ့ပါတယ်။ ဂျူဗီကိုရောက်ရှိပြီးနောက်မှာပဲ ဒဏ်ရာ ၆ ကြိမ်ရခဲ့ပြီး၂၃ ပွဲအထိ လွဲချော်ခဲ့ကာ ရက်ပေါင်း ၁၀၀ ကျော် အနားယူခဲ့ရပါတယ်။ 

လောလောလတ်လတ်မှာလည်း ဒဏ်ရာကနေ ပြန်လည်သက်သာခါစဖြစ်နေတဲ့ ကစားသမားဖြစ်လို့ ပိုပြီးဘ၀မကျစရာဖြစ်ခဲ့ရပါတယ်။ လီဗာပူးလ်ကွင်းလယ်မှာ ကီတာက ဒဏ်ရာမကြာခဏရတတ်ပြီး လက်ရှိမှာ ဟန်ဒါဆန်လည်း ဒဏ်ရာရနေတယ်လို့ သိရပါတယ်။ ရာသီအစမှာ ကွင်းလယ်ကစားသမားသီယာဂိုလည်း ဒဏ်ရာရခဲ့လို့ အနားယူနေရပြီး ရလဒ်တွေပါဆိုးရွားခဲ့ချိန်မှာ ကစားသမားသစ်လိုနေပြီလို့ ကလော့ပ်ကိုယ်တိုင်ကလည်း ဝန်ခံခဲ့ရပါတယ်။

ဒါပေမယ့် အခု သူတို့ခေါ်ယူခဲ့တဲ့သူကတော့ ဒဏ်ရာမှတ်တမ်းဆိုးတွေရှိသူဖြစ်ပြီး အသင်းအတွက်အားဖြစ်ဖို့ထက် ဆိုးကျိုးသာဖြစ်စေမယ့်သူလို့ ပရိသတ်တွေက သတ်မှတ်နေကြပါတယ်။ ဘာကာကို မယ်လိုပြောင်းရွှေ့ခဲ့စဉ်က ဘာမှကြီးကြီးမားမားမလုပ်ပြရသေးတဲ့သူလို့ ဆွာရက်ဇ်ကိုယ်တိုင်က ပြောဆိုခဲ့ဖူးပြီး အခုတော့ ဆွာရက်ဇ်ရဲ့ အသင်းဟောင်းလီဗာပူးလ်ကို ထပ်မံရောက်ရှိခဲ့တာပါ။

Share

Loading Next Article...
က္က