ပွဲကြီးပွဲကောင်းဖြစ်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ သုံးဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ အိမ်ရှင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကို လွှမ်းမိုး ဖိအားပေးနိုင်ခဲ့ပါတယ်။



ဒါပေမယ့် ရီးရဲလ်မက်ဒရစ်တို့ကလည်း တန်ပြန်ရရှိလာတဲ့ အခွင့်အရေးတွေကို အမှားအယွင်းမရှိ အသုံးချနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ အဝေးကွင်းမှာ အနိုင်မရရှိဘဲ ဒုတိယအကျော့ အိမ်ကွင်းကို ရင်ဆိုင်ရတော့မှာပါ။


ဒါ့အပြင် ပွဲအပြီးမှာလည်း ပရိသတ်တွေအတွက် ကျေနပ်စရာ မြင်ကွင်းကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲအပြီး နှစ်ဖက်ကစားသမားတွေ အပြန်အလှန်နှုတ်ဆက်နေကြချိန်မှာ ဒီဘရိုင်းက ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ရဲ့ ဂျာစီကို တောင်းယူနေခဲ့တာကို ရုပ်သံမှတ်တမ်းတွေက အနီးကပ် အမိအရဖော်ပြခဲ့ပါတယ်။

ဒီပွဲမှာ မိုဒရစ်က ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာဖြစ်ပြီး ဒီဘရိုင်းကတော့ နေထိုင်မကောင်းဖြစ်ခဲ့တာကြောင့် အရန်ခုံမှာပဲ ထိုင်နေခဲ့ရတာပါ။ ဂွါဒီယိုလာဟာ ဖိုဒန်နေရာမှာ အယ်လ်ဗာရက်ဇ်ကို ထည့်သွင်းတာကလွဲလို့ အခြားလူစားလဲမှုတွေ ပြုလုပ်ခဲ့ခြင်းမရှိတာကိုလည်း ဒီပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ပွဲအပြီးမှာတော့ ဒီဘရိုင်းကလည်း ကွင်းထဲဝင်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကစားသမားတွေနဲ့ အပြန်အလှန်နှုတ်ဆက်ကာ မိုဒရစ်ဆီက ဂျာစီတောင်းယူခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်အကြား အပြန်အလှန် စကားပြောဆိုခဲ့ကြပြီးနောက် မိုဒရစ်ကလည်း သူ့ရဲ့ဂျာစီကို ဒီဘရိုင်းအတွက် ပေးသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က