ဗယ်လက်ကာနိုနဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဗယ်လက်ကာနိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စပိန်လာလီဂါပွဲစဥ်မှာတော့ ဗယ်လက်ကာနိုက အိမ်ကွင်းမှာ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အပြင် ဗယ်လ်ဗာဒီရဲ့ ကန်ချက်ကလည်း ပြောစရာတခုအဖြစ် ရှိခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ရီးရဲလ်မက်ဒရစ်တို့ အမှတ်ပေးဇယားဦးဆောင်ခွင့်ကို ဘာစီလိုနာထံ လွှဲပေးလိုက်ရပါတယ်။



ဒီပွဲရဲ့ နောက်ဆုံးမိနစ် ထောင့်ကန်ဘောကတဆင့် ပြန်ကျလာတဲ့ ဘောလုံးကို ဗယ်လ်ဗာဒီက ကန်သွင်းတဲ့နေရာမှာ ဘောလုံးက အရှိန်တော်တော်လေးများပြီး ကွင်းထဲကနေပါ ထွက်သွားခဲ့တာပါ။ ဒါ့အပြင် ဒီဘောလုံးက ကွင်းအနောက်ဘက်က တိုက်ခန်းပေါ်က ဝရန်တာကနေ ဘောလုံးပွဲအားပေးနေတဲ့ ပရိသတ်တွေဆီကိုပါ တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့ပါတယ်။


ဘောလုံးက ဝရန်တာ ဒါမှမဟုတ် အုတ်နံရံကို ထိမှန်ပြီး ထွက်သွားတာမျိုးမဟုတ်ဘဲ ဝရန်တာမှာ မတ်တပ်ရပ်နေတဲ့ ပရိသတ်တွေဆီကို တည့်တည့်ရောက်သွားတာဖြစ်ပြီး ဒီပရိသတ်တွေကလည်း ဘောလုံးကို သူတို့အပိုင်အဖြစ် သိမ်းဆည်းသွားခဲ့ပုံရပါတယ်။ ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဒီအဖြစ်အပျက်က ရေပန်းစားနေပြီး ပရိသတ်တွေကလည်း နောက်ပြောင်မှတ်ချက်ပေးနေကြပါတယ်။

ပရိသတ်တွေက “ကိုယ့်လူရေ... ဗယ်လ်ဗာဒီ ကန်လိုက်တဲ့ ဘောလုံးသာ ငါ့အိမ် ဝရန်တာထဲ ရောက်လာခဲ့ရင် ငါပျော်လွန်းလို့ သေရမှာပဲ။ အရင်ကဆို ဒါမျိုး မမြင်ဖူးခဲ့ဘူး” “မင်းကတော့ ဘောလုံးကို ပြန်ပေးစရာ မလိုတော့ဘူး” လို့ အသီးသီးမှတ်ချက်ပေးခဲ့ကြပါတယ်။ ဗယ်လ်ဗာဒီဟာ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတဲ့ ကစားသမားပါ။

သူ့ရဲ့ သွင်းဂိုးတွေက ဂိုးဧရိယာအပြင်ဘက်တွေကဖြစ်ပြီး ဒီတကြိမ်မှာတော့ ဂိုးထဲမဝင်တဲ့အပြင် ဗယ်လက်ကာနိုမှာရှိတဲ့ ပရိသတ်ကိုပါ ဘောလုံးလက်ဆောင်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးကို ဆာကာကလည်း အာဆင်နယ်ရဲ့ ဒီရာသီ ယူရိုပါလိဂ်အုပ်စု အဝေးကွင်းပွဲမှာ ဖြစ်ပျက်ခဲ့ဖူးပြီး အဲ့ဒီအချိန်က ဆာကာရဲ့ ကန်ချက်ကတော့ ကွင်းအနီးအနားက အိမ်ရဲ့ မီးဖိုချောင်အဝကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က