ဂျရူးကတော့ ကန်တေရဲ့ ကွင်းပြင်ပအကျင့်စရိုက်တွေကို ပြောပြခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးကြီး ဂျူရူးကတော့ လက်ရွေးစင်အသင်းဖော် ကန်တေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ထုတ်ဖော်ပြောကြားလာပါတယ်။ ကန်တေဟာ ကမ္ဘာ့ဘောလုံးလောကမှာ လူချစ်လူခင်အများဆုံး ကစားသမားလို့ဆိုနိုင်ပြီး ဟန်ဆောင်မှုကင်းတဲ့ သူ့ရဲ့ပုံစံတွေကြောင့်လည်း ပြိုင်ဘက်ပရိသတ်တွေကအစ ချစ်ခင်သဘောကျနေရတာပါ။



ဂျရူးနဲ့ကန်တေတို့ဟာ လက်ရွေးစင်အသင်းဖော်တွေဖြစ်ရုံတင်မကဘဲ ချဲလ်ဆီးမှာ ဂျရူးကစားခဲ့တုန်းကလည်း ကလပ်အသင်းဖော်တွေဖြစ်ခဲ့ပါတယ်။ ဂျရူးက “ကျွန်တော်နဲ့ကန်တေက အမြဲတမ်းစစ်တုရင် ကစားလေ့ရှိပါတယ်။ သူက ကျွန်တော့်ထက် ကစားတာ ပိုတော်တယ်လို့ ပြောရမှာပေါ့”

“ကျွန်တော်လည်း သူ့ကို အချို့ပွဲတွေမှာ နိုင်ပါတယ်။ ကျွန်တော် သူ့ကို စာလုံးဆက်တဲ့ဂိမ်းကစားဖို့ အမြဲပြောပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီဂိမ်းမှာ ကျွန်တော် သူ့ထက် လုံးဝအပြတ်အသတ်သာလို့ပါ။ အများကြီးကို ပိုကောင်းတာပါ။ ကန်တေက ရယ်စရာလည်းကောင်းတယ်၊ လူကောင်းတစ်ယောက်လည်းဖြစ် ရှုံးနိမ့်ရတာကိုလည်း မုန်းပါတယ်”

“တစ်ခါတလေကျ သူနိုင်ဖို့အတွက် အရာအားလုံး ကြိုးစားပြီး ဒါက သူနဲ့ပတ်သက်လာရင် ရယ်စရာကိစ္စတစ်ခုပါပဲ။ သူက ဘယ်တော့မှ အရှုံးမပေးသလို ကွင်းထဲမှာလည်း ခြေစွမ်းပြနိုင်ဖို့ ကြိုးစားပါတယ်။ ချဲလ်ဆီးအတွက်ရော၊ ပြင်သစ်လက်ရွေးစင်အတွက်ရော အရေးပါတဲ့ ကစားသမားပါ”

“ကွင်းပြင်မှာတော့ ကျွန်တော်ပြောသလို သူက ရှုံးနိမ့်ရတာကို မုန်းတီးပါတယ်။ အဲ့ဒါတွေက တစ်ခါတလေကျ သူ့ကို စိတ်ပျက်ပြီး ဒေါသထွက်စေပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီအခါကျ သူ့ကိုဟာသလုပ်တော့တာပဲ” လို့ ပြောကြားခဲ့ပါတယ်။

အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ ကန်တေဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ ချဲလ်ဆီးရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုအတွက် အဓိကကျခဲ့တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါဟာ ကန်တေအတွက် (၂၀၁၆) မှာ လက်စတာက ထွက်လာပြီးနောက်ပိုင်း (၅) ကြိမ်မြောက် အဓိကဆုဖလားအောင်မြင်မှုလည်းဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က