ယူအီးအက်ဖ်အေရဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရတော့မှာပါ။

ပီအက်စ်ဂျီဟာ မက်ဆီနဲ့အမ်ဘာပေတို့နှစ်ယောက်ကို ပေးချေနေရတဲ့ လစာငွေပမာဏကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ ဘဏ္ဍာရေးစည်းမျဥ်းတွေကို ချိုးဖောက်ထားတယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ ဒီဖြစ်ရပ်ကြောင့် ကြီးလေးတဲ့ ဒဏ်ငွေတရပ်ကို ချမှတ်ခံရဖွယ်ရှိပါတယ်။



ဒါ့အပြင် အခြေအနေပိုမိုဆိုးရွားလာခဲ့ရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေပါ အထုတ်ခံရဖွယ်ရှိပါတယ်။ သတင်းတွေရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ တိုက်စစ်အတွဲသုံးယောက်ဖြစ်တဲ့ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့အတွက် ယူရိုသန်း (၄၀၀) နဲ့အထက် ကုန်ကျထားပြီး အမ်ဘာပေကို စာချုပ်သစ်ချုပ်လိုက်တာကြောင့်လည်း အခြေအနေက ပိုမိုဆိုးရွားလာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် မက်ဆီကို ပြီးခဲ့တဲ့နွေရာသီမှာခေါ်ယူပြီးနောက် ဒီနွေရာသီမှာ အမ်ဘာပေကို ယူရိုသန်းရာချီ အကုန်အကျခံပြီး စာချုပ်သစ်ချုပ်ခဲ့တဲ့အပေါ် လာလီဂါဘက်ကပါ တိုင်ကြားမှုတွေရှိခဲ့ပါတယ်။

မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်ဟာ ဘောလုံးလောကရဲ့ လုပ်ခလစာအများဆုံး ကစားသမားတွေအဖြစ် ရပ်တည်နေတာကလည်း ပီအက်စ်ဂျီကို ဒီလိုမျိုးအဖြစ်နဲ့ နှစ်စဥ်နှစ်တိုင်း ကြုံတွေ့စေနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ပီအက်စ်ဂျီဘက်ကတော့ သူတို့အပေါ် စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံအတွင်း ဘောလုံးသမားတွေအပေါ် ကောက်ခံနေတဲ့ အခွန်ငွေမြင့်မားမှုကို ထောက်ပြကာ ဖြေရှင်းသွားဖို့ရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ (၂၀၂၀) ကမှ ချုပ်ဆိုထားတဲ့ ပြင်သစ်လီဂူးနဲ့ တရုတ်မီဒီယာကုမ္ပဏီ Mediapro တို့အကြား ချုပ်ဆိုထားတဲ့ ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်က တရာသီတည်းနဲ့ ဖျက်သိမ်းခဲ့ရတာကိုလည်း အဓိကအကြောင်းပြချက်အဖြစ် ပီအက်စ်ဂျီက ထောက်ပြဖြေရှင်းသွားမယ်လို့ သိရှိရပါတယ်။ ပြင်သစ်လီဂူးမှာ ဒါမျိုးပြဿနာကြုံတွေ့ရတာကလည်း ပီအက်စ်ဂျီ တသင်းတည်းမဟုတ်ပါဘူး။

နောက်ထပ်နာမည်ကျော်ကလပ် မာဆေးလ်ကလည်း အခုလိုပဲ ဘဏ္ဍာရေးမျှခြေစည်းကမ်းတွေကို လိုက်နာနိုင်ခြင်းမရှိတာကြောင့် ဒဏ်ငွေပေးဆောင်ရမှာဖြစ်ကြောင်း ယူအီးအက်ဖ်အေဘက်က အကြောင်းကြားထားပါတယ်။ နှစ်သင်းလုံးဘက်ကတော့ ဘယ်လိုမျိုးပြစ်ဒဏ်ချမှတ်ခံရသည်ဖြစ်စေ၊ အယူခံတင်ဖို့ ဆုံးဖြတ်ထားကြောင်းလည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က