မန်ချက်စတာမှာတုန်းက မိဘတွေနဲ့အတူ နေထိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်မှာ မန်စီးတီးကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကိုးလ်ပါးလ်မားက လန်ဒန်မြို့မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ပါတယ်။ ပါးလ်မားကို ချဲလ်ဆီးတို့ ပြောင်းရွှေ့ကြေး ယူရို (၄၅) သန်းနဲ့ ခေါ်ယူခဲ့ရတာပါ။



အသက် (၂၁) နှစ်အရွယ်သာရှိသေးတဲ့ ဒီကစားသမားလေးဟာ မန်စီးတီး အကယ်ဒမီထွက်တစ်ယောက်လည်း ဖြစ်ပါတယ်။ မန်ချက်စတာမြို့မှာ မိဘတွေနဲ့အတူ နေထိုင်ခဲ့ရတဲ့ ပါးလ်မားဟာ လန်ဒန်မြို့မှာတော့ တစ်ယောက်တည်း နေထိုင်ရင်း ပြင်ပလူနေမှုကိစ္စတွေကို ဖြေရှင်းနေရတာပါ။
ပါးလ်မားက “ချဲလ်ဆီးကို ရောက်ရောက်ချင်း ရက်သတ္တပတ်အနည်းငယ်လောက် ဟိုတယ်မှာနေခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယ်ပိုင်နေရာကို ပြောင်းရွှေ့ခဲ့ရပြီး ဒါက အသစ်အဆန်းဖြစ်သလို ခက်လည်း ခက်ခဲပါတယ်။ ကိစ္စအများစုကို ကျွန်တော် ကိုယ်တိုင် ဘယ်လိုလုပ်ရမှန်း မသိခဲ့ပါဘူး”
“အဲ့ဒါကြောင့်လည်း ကျွန်တော် အခုထိ သင်ယူနေရဆဲပါ။ ချက်ပြုတ်တာတွေ၊ လန်ဒန်မြို့မှာ လမ်းရှာရတာတွေ၊ နောက်ဆုံး အဝတ်လျှော်စက် အသုံးပြုတဲ့ကိစ္စအထိပါပဲ။​ အိမ်မှာတုန်းကဆိုရင် အမေက ကျွန်တော့်အဝတ်အစားတွေကို လျှော်ပေးတာပါ။ အစောပိုင်းရက်တွေမှာတော့ အဖေက ကျွန်တော့်ဆီကိုလာပြီး တိုက်ခန်းမှာ နေရထိုင်ရ အဆင်ပြေအောင် လုပ်ပေးခဲ့ပါတယ်”
“ဒါပေမယ့် ကျွန်တော့်မိဘတွေက အခုချိန်အထိ မန်ချက်စတာမြို့မှာပဲနေထိုင်ဆဲပါ။ ချဲလ်ဆီးကတော့ ကျွန်တော့်ကို စားဖိုမှူး စီစဉ်ပေးထားပါတယ်။ လန်ဒန်နဲ့ မန်ချက်စတာက မြို့အနေအထားအရပါ ကွဲကွဲပြားခြားနားသလို ကွင်းပြင်ပမှာလည်း ကိုယ့်ကိစ္စကိုယ်လုပ်ရတော့ ခက်ခဲပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က