ဟာလန်းရဲ့ ဒဏ်ရာက မြန်မြန်ဆန်ဆန်သက်သာလခဲ့ပြီး မနေ့ကကစားခဲ့တဲ့ ၀ုလ်ဘတ်နဲ့ပွဲမှာ လူစားဝင်ကစားပေးနိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကတော့ အားလုံးထင်မှတ်ထားတာထက်စောပြီး အသင်းအတွက ပြန်ကစားပေးနိုင်ခဲ့ပါတယ်။ မူလက နှစ်ကုန်အထိအနားယူရမယ်လို့ ဆိုခဲ့ပေမယ့် ဟာလန်းရဲ့ ဒဏ်ရာက မြန်မြန်ဆန်ဆန်သက်သာလခဲ့ပြီး မနေ့ကကစားခဲ့တဲ့ ၀ုလ်ဘတ်နဲ့ပွဲမှာ လူစားဝင်ကစားပေးနိုင်တာကို မြင်တွေ့ခဲ့ရပါတယ်။
ဝင်ရောက်ကစားပေးရုံတင်မဟုတ်ဘဲ ဟာလန်းက အသင်းအတွက် ပွဲသိမ်းဂိုးကိုပါ သူဝင်လာပြီး ၇ မိနစ်အကြာမှာပဲ သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ဒီဂိုးက သူ့အတွက်တော့ ဘွန်ဒက်လီဂါပွဲပေါင်း ၅၀ မှာ ဂိုးပေါင်း ၅၀ ပြည့်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။ လူငယ်ကစားသမားတစ်ဦးအတွက် အထင်ကြီးလောက်ဖွယ်ရာ စွမ်းဆောင်ရည်မျိုးဖြစ်ပြီး ဒဏ်ရာကပြန်သက်သာလာတာနဲ့ ဂိုးရယူနိုင်ခဲ့တာကလည်း ချီးကျူးချင်စရာပါပဲ။
နော်ဝေတိုက်စစ်မှူးဟာ အနားယူနေရချိန်တွေအတွင်း နိုင်ငံအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်မြင်ခဲ့သလို ဒေါ့မွန်ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ စိတ်ပျက်စရာတွေဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဟာလန်းကတော့ ကွင်းထဲပြန်ဝင်နိုင်ခဲ့ချိန်မှာ သူ့အလုပ်ကိုသူအကောင်းဆုံးလုပ်ပြခဲ့ပြီး ဂိုးပိုက်နဲ့ဘောလုံးကိုမိတ်ဆက်ပေးသွားနိုင်ခဲ့ပါတယ်။
ဒေါ့မွန်အတွက် ဒီရာသီမှာ ဘွန်ဒက်လီဂါသွင်းဂိုး ၁၀ ဂိုးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၂ ဂိုးအပါအဝင် ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးအထိသွင်းယူပေးထားပြီးလည်းဖြစ်ပါတယ်။ ဘွန်ဒက်လီဂါမှာ တပွဲကိုတဂိုးနှုန်းသွင်းယူနေတဲ့ ဟာလန်းက လက်ရှိမှာဆိုရင် လီဝန်ဒေါစကီးပြီးရင် လိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးလို့ သတ်မှတ်ခံထားရပြီး အသက်အရွယ်အားဖြင့် ငယ်ရွယ်လွန်းသေးတာကြောင့် သူ့ဆီက ဒီထက်မကောင်းတဲ့ ဂိုးသွင်းနှုန်းတွေကို အချိန်အကြာကြီး မြင်တွေ့ရဖို့လည်း ရှိနေပါတယ်။