ရော်နယ်ဒိုနဲ့လည်း အနည်းငယ်ကတောက်ကဆဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယားကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုတယောက် ဒုတိယပိုင်းမှာ လူစားလဲလှယ်ခံခဲ့ရပါတယ်။ ဒီလိုလူစားလဲလှယ်ချိန်မှာ ရော်နယ်ဒိုက နည်းပြဖာနန်ဒိုဆန်းတို့စ်ကို ဆဲဆိုခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး အဆိုပါပြောဆိုမှုတွေက မဟုတ်မှန်ဘူးလို့ ရော်နယ်ဒိုက ပြန်လည်ဖြေရှင်းသွားခဲ့ကာ တောင်ကိုရီးယားကစားသမားတဦးကို ပါးစပ်ပိတ်ခိုင်းခဲ့တာလို့ ဆိုပါတယ်။ 

ပေါ်တူဂီမီဒီယာတွေကတော့ ရော်နယ်ဒိုက သူ့ကိုလူစားလဲခဲ့တဲ့ နည်းပြကို မက​ျေနပ်တာကြောင့် ပြောဆိုမှုတွေလုပ်ခဲ့တာလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အဆိုပါပွဲမှာ ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပြီး ဂိုးပေါက်တည့်ကန်သွင်းမှုတကြိမ်မှတောင် မလုပ်နိုင်ခဲ့ကာ အသင်းပေးလိုက်ရတဲ့ ချေပဂိုးကလည်း သူကနေတဆင့် တောင်ကိုရီးယားက ရရှိသွားခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ ရော်နယ်ဒိုက "ကျနော်လူစားမလဲခင်မှာ ဘာတွေဖြစ်ခဲ့တာလဲဆိုတော့ တောင်ကိုရီးယားကစားသမားတယောက်က ကျနော့်ကို ကွင်းထဲကနေ မြန်မြန်ထွက်ဆိုပြီး ပြောတယ်၊ အဲဒါနဲ့ မင်းပါးစပ်ကိုပိတ်ထား၊ မင်းမှာ ဒီလိုပြောစရာအကြောင်း ဘာမှမရှိဘူးလို့ ကျန​ော်ပြန်ပြောခဲ့တာပါ၊ နည်းပြနဲ့ သဘောထားချင်းမတိုက်ဆိုင်တာမဟုတ်ပါဘူး" လို့ ပေါ်တူဂီသတင်းထောက်တွေကို ပြောခဲ့ကြောင်း Daily Mail က ဆိုပါတယ်။ 

နည်းပြဆန်းတို့စ်ကလည်း "သူနဲ့ တောင်ကိုရီးယားကစားသမားကြားမှာ ကတောက်ကဆဖြစ်နေတာကို ကျနော်တွေ့ခဲ့ပါတယ်၊ ဘာတွေဖြစ်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီး ဘာသံသယမှမရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ၃ ပွဲစလုံးကို ဝင်ရောက်ကစားပေးထားခဲ့ပြီး သွင်းဂိုး ၁ ဂိုးရယူပေးထားနိုင်ပြီး ခြေစွမ်းကတော့ အကောင်းဆုံးအနေထားမှာ ရှိမနေတာကို မြင်တွေ့ခဲ့ရပါတယ်။ 

ပေါ်တူဂီဟာ ၁၆ သင်းအဆင့်မှာ ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပြီး နေးရှင်းလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ ဇွန်လတုန်းကတော့ သူတို့ အရေးနိမ့်ထားခဲ့ပါတယ်။ ဒီပွဲကိုတော့ ဒိဇင်ဘာလ ၇ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ 

သူငယ်ချင်းတွေနဲ့ မိသားစုကိုလည်း စိန်ခေါ်ပြီး Celebrate World Cup 2022 Fearlessly with Clear Campaign ကို အတူပါဝင်ဆင်နွှဲလိုက်ပါ။ ကိုယ့်ကျွမ်းကျင်မှုပြသပြီးရင် သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို Tag တွဲကာ Hashtag #ClearMyanmar #ClearFearlessWorldCup2022 ကို အသုံးပြုပြီး Post ကို Public ဖြင့် မျှဝေလိုက်ပါ။ ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝင်ကစားရုံပါပဲ

Share

Loading Next Article...
က္က