ဒီလုံခြုံရေးကတော့ အကွက်ဆန်းကြီး သုံးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ မက္ကာဘီဟိုင်ဖာနဲ့ ပီအက်စ်ဂျီတို့ရဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ ပရိသတ်တယောက်က ကွင်းထဲကျူးကျော်ဝင်ရောက်ပြီး မက်ဆီထံ ချဥ်းကပ်ခဲ့ဖို့ ပြေးသွာခဲ့ပါတယ်။ ဒီလိုမျိုး ပရိသတ်က ပြေးသွားချိန်မှာ လိုက်ဆွဲတဲ့ ဝန်ထမ်းရှိခဲ့သလို အခြားသောဝန်ထမ်းတယောက်ကတော့ ဒီပရိသတ်ကို ဖိနပ်နဲ့ လှမ်းပေါက်ပြီး တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။



အစ္စရေးနိုင်ငံမြို့တော် ဟိုင်ဖာမှာ ကစားခဲ့တဲ့ပွဲမှာ ဒေသခံပရိသတ်တယောက်က လုံခြုံရေးနှစ်ယောက်ကြားထဲက ဖောက်ထွက်သွားခဲ့တာပါ။ လုံခြုံရေးတယောက်ကတော့ သူ့ကို လှမ်းဆွဲခဲ့ပေမယ့် အဆိုပါပရိသတ်ရဲ့ ဖိနပ်ကိုသာ ဆွဲနိုင်ခဲ့ပြီး ပရိသတ်ကတော့ ကွင်းထဲကို ဆက်တိုက်ပြေးဝင်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ လုံခြုံရေးက သူ့လက်ထဲက ဖိနပ်နဲ့ ဒီကျူးကျော်လာတဲ့ ပရိသတ်ကို လှမ်းပေါက်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်က အောင်မြင်စွာနဲ့ပဲ ဂိုးတိုင်နောက်ကနေ မက်ဆီရှိနေတဲ့ ကွင်းလယ်စက်ဝိုင်းအထိ ရောက်သွားခဲ့ပြီး မက်ဆီကို ပြေးဖက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လုံခြုံရေးတွေက ဒီပရိသတ်ကို ဝိုင်းချုပ်ပြီး ကွင်းအတွင်းကနေ ဆွဲထုတ်သွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ ပရိသတ်ကို တားဆီးဖို့ ကြိုးစားခဲ့တဲ့ ကွင်းလုံခြုံရေးရဲ့ လုပ်ရပ်ကတော့ ရယ်ရခက်၊ ငိုရခက်လို့ပဲဆိုရမှာပါ။

ဒါ့အပြင် ဒီလုံခြုံရေးက ဖိနပ်နဲ့ ပစ်ပေါက်လိုက်သည့်တိုင် ဒီပရိသတ်နောက်ကို ပြေးလိုက်သွားတာမျိုး မရှိဘဲ ပရိသတ်တွေကတော့ မျိုးစုံ မှတ်ချက်ပေးနေကြပါတယ်။ ပရိသတ်တွေက “လုံခြုံရေးတွေ အကောင်းဆုံးလုပ်နိုင်တာက ဒါ (ဖိနပ်နဲ့ပစ်ပေါက်ခြင်း) လား” “ဒီလုံခြုံရေးစိတ်ထဲမှာ သူ ဒီပရိသတ်ကို တားလိုက်နိုင်မယ် ထင်တဲ့ပုံပဲ” “ဒီလူက ဖိနပ်နဲ့ပဲပစ်ပြီး ဘာမှဆက်မလုပ်တော့ပါဘူး” လို့ အမျိုးမျိုး မှတ်ချက်ပေးနေကြပါတယ်။

ဒီပွဲမှာ မက္ကာဘီဟိုင်ဖာက ပီအက်စ်ဂျီဘက်ကို အရင်ဆုံး ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် မက်ဆီ၊ အမ်ဘာပေ၊ နေမာတို့ရဲ့ ဂိုးတွေနဲ့ ဧည့်သည် ပီအက်စ်ဂျီက ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ မက္ကာဘီဟိုင်ဖာက မက်ဆီအတွက် ချန်ပီယံလိဂ်မှာ ဂိုးသွင်းယူနိုင်တဲ့ (၃၉) သင်းမြောက်ဖြစ်လာခဲ့ပြီး ရော်နယ်ဒိုတင်ရှိထားတဲ့ (၃၈) သင်းဆိုတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က