ဖရန့်ဖတ် ဂိုးသမား ကီဗင်ထရပ်ဟာ သူ့ရဲ့ ဆိုးရွားတဲ့ ဘောလုံးရာသီတစ်ခုကြောင့် ယူရို - ၂၀၂၄ ပြိုင်ပွဲဝင် ဂျာမနီ လက်ရွေးစင် အသင်းရဲ့ ဆန်ခါတင် ကစားသမားစာရင်းမှာတောင် မပါဝင်တော့ပါဘူး။ ထရပ်ဟာ ဖရန့်ဖတ်တို့ ယူရိုပါလိဂ်ကို ဆွတ်ခူးခဲ့တဲ့ (၂၀၂၂) တုန်းက အဓိက ဂိုးသမားဖြစ်ခဲ့တာပါ။
ဒါပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ အတူနေချစ်သူ ဂေါ်အာ့တ်ရဲ့ လွှမ်းမိုးမှုတွေကြောင့် ဒီဂိုးသမားက ကွင်းတွင်း စွမ်းဆောင်ရည်ကို အာရုံမစိုက်တော့ဘူးလို့ ဝေဖန်ခံနေရပါတယ်။ အသင်းတွင်း သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ထရပ်ဟာ ထရိန်နင်မှာတောင် အနီးကပ်ကန်ချက်တွေကို ဒိုင်ဗင်ထိုး ဖမ်းတာမျိုး မလုပ်တော့ဘူးလို့ ဆိုပါတယ်။
ဂေါ်အာ့တ်ဟာ မီဒီယာတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိလိုတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ထရပ်က သူ့ရဲ့ဆန္ဒတွေကို လိုက်ပါဖြည့်ဆည်းရင်း ဒီလိုမျိုး ကစားသမားဘဝ နိမ့်ပါးလာတာပါ။ သူတို့ နှစ်ယောက်ဟာ (၂၀၁၈) ကတည်းက စေ့စပ်ထားကြပေမယ့် လက်ရှိအချိန်အထိတော့ လက်ထပ်ပွဲ မကျင်းပရသေးပါဘူး။
ဂေါ်အာ့တ်က “ထရပ်နဲ့ ကျွန်မတို့က အရမ်းကို ချစ်တင်းနှောကြတာပါ။ တစ်ပတ်ကို လေးငါးကြိမ်လောက်ပေါ့။ ဒါပေမယ့် သူက အရေးကြီးပွဲတွေမှာ သူ့အသင်းရှုံးလာရင်တော့ ကျွန်မ ဘယ်လောက်ပဲ ပြင်ဆင်ဝတ်စားထားပါစေ၊ ချစ်တင်းနှောတာမျိုး မရှိတော့ပါဘူး” လို့ ပြောကြားဖူးပါတယ်။
အခုချိန်မှာ ထရပ်က မိခင်မြေမှာ ကျင်းပမယ့် ယူရိုပြိုင်ပွဲအတွက် ဆန်ခါတင် ဂိုးသမား လေးယောက်စာရင်းမှာ မပါဝင်တော့ပါဘူး။ ဒါ့အပြင် လာမယ့်ရာသီအတွက်လည်း ဖရန့်ဖတ်မှာ သူ့ရဲ့ ပထမဂိုးသမားနေရာက စိုးရိမ်ဖွယ် အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။