လူတံတိုင်းမရှိတဲ့ ဖရီးကစ်ကို နိမ့်နိမ့်လေး ကန်ခဲ့လို့ ဝေဖန်ခံနေရတာပါ။

ချဲလ်ဆီးတို့ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူးရဲ့ လေ့ကျင့်ရေးကွင်းက ဖရီးကစ်ကန်ချက်ကို မြင်တွေ့ခဲ့ပြီးနောက် ပရိသတ်တွေက လှောင်ပြောင်၊ နောက်ပြောင်လျက်ရှိပါတယ်။ အန်ကွန်ကူးဟာ လက်ရှိနွေရာသီမှာ လိုက်ပ်ဇစ်ကနေ ချဲလ်ဆီးကို အပြီးသတ် ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာပါ။



အန်ကွန်ကူးဟာ ချဲလ်ဆီးရဲ့ လက်ရှိနွေရာသီ ခရီးစဉ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ဝရက်စ်ဟမ်း၊ ဘရိုက်တန်တို့ကို အနိုင်ရရှိခဲ့တဲ့ပွဲတွေမှာ အသင်းအတွက် ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက် (၂၅) နှစ်အရွယ် ဒီကစားသမား လေ့ကျင့်ခန်းဆင်းရင်း ဖရီးကစ်ကန်သွင်းတဲ့ပုံစံကို ပရိသတ်တွေက လှောင်ပြောင်နေကြတာပါ။

ဧရိယာထိပ်က အန်ကွန်ကူးရဲ့ကန်ချက်က ဂိုးဝင်သွားခဲ့ပေမယ့် ဒီကန်ချက်က တကယ့် လက်တွေ့ပွဲမှာဆိုရင် လူတံတိုင်းတောင် ကျော်မှာမဟုတ်ကြောင်း ပရိသတ်တွေက မှတ်ချက်ပြုနေတာပါ။ ပရိသတ်တွေက “ဒီကန်ချက်က မက်ဆီ၊ အဂွေရိုတို့လို အရပ်ပုတဲ့ ကစားသမားတွေ ကာထားတဲ့ တံတိုင်းကိုတောင် ကျော်မှာ မဟုတ်ပါဘူး”

“ခင်ဗျားတို့အနေနဲ့ အဝေးကန်ချက်ကို ပရော်ဖက်ရှင်နယ်ကျကျ ကန်သွင်းနိုင်တဲ့ ကစားသမားမျိုးကို ရှာသင့်ပါတယ်။ အခုက သူ့ရှေ့မှာ ဘာတံတိုင်းမှလည်း မရှိ၊ နောက်ခံလူလည်း မရှိပါဘူး။ ဒီတော့ ဒါမျိုးပုံစံနဲ့ ဖရီးကစ်ကန်တာကို မလေ့ကျင့်သင့်ပါဘူး” “ဒီကန်ချက်က လူတံတိုင်းကိုပဲ တည့်တည့်ကြီး သွားထိမှာ ကိုယ့်လူ”

“ဒါမျိုးက ရိုင်ယန်ဖရေဆာ (အရပ်ပုတဲ့ ပရီးမီးယားလိဂ်ကစားသမား) ကိုတောင် ကျော်မယ့်ကန်ချက်မျိုး မဟုတ်ပါဘူး” လို့ ဝေဖန်ပြီး နောက်ပြောင်ခဲ့ကြပါတယ်။ သာမန်အားဖြင့်ဆိုရင် ကစားသမားတွေက ဒါမျိုးကိုလည်း ဂိုးပေါက်ကန်သွင်းတဲ့ လေ့ကျင့်ခန်းအဖြစ် ပြုလုပ်လေ့ရှိကြပြီး အန်ကွန်ကူးကတော့ ဆီလိုအပေါက်ရှာနေတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က