မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ တစ်ဖက်သုံးဂိုးစီ သရေကျခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းတစ်ယောက် တော်တော်လေး အကြီးအကျယ် ပေါက်ကွဲခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ််။
ဒီပွဲရဲ့ ပထမပိုင်း (၁၀) မိနစ်အတွင်းမှာတင် ဆွန်ဟောင်မင်က စပါးအတွက်ရော၊ မန်စီးတီးအတွက်ပါ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပါတယ်။ အဲ့ဒီနောက် ဖိုဒန်က မန်စီးတီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒီသွင်းဂိုးကို လိုဆယ်ဆိုက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဂရီလစ်ရှ်ရဲ့ သွင်းဂိုးနဲ့ မန်စီးတီးတို့ နိုင်တော့မလို ထင်ခဲ့ရပေမယ့် ကူလူဆက်ဗ်စကီးက ချေပဂိုး သွင်းခဲ့တာကြောင့် တစ်ဖက်သုံးဂိုးစီသရေနဲ့ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။
ပွဲကစားချိန် (၉၄) မိနစ်မှာ ဂရစ်လစ်ရှ်က တစ်ယောက်တည်း လွတ်ထွက်သွားခဲ့ပြီး အပိုင်အခွင့်အရေး ရမလို ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကွင်းလယ်ဒိုင်က ဝီစီမှုတ် ပွဲကို ရပ်တန့်ကာ မန်စီးတီးအတွက် ပြစ်ဒဏ်ဘောကန်ခွင့်ပေးခဲ့ပါတယ်။
အစောပိုင်းမှာကတည်းက မန်စီးတီးတို့ ပြစ်ဒဏ်ဘော ရရှိသင့်တာ မှန်ပေမယ့် ဒိုင်လူကြီးက Advantage ပေးခဲ့တာဖြစ်ပြီး အဲ့ဒီနောက်မှသာ နားလည်ရခက်စွာနဲ့ ပြစ်ဒဏ်ဘော ပြန်ပေးလိုက်ပြီး မန်စီးတီးတို့ နစ်နာခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ဟာလန်းတစ်ယောက် ကွင်းထဲမှာလည်း ဒိုင်လူကြီးကို ဆဲဆိုခဲ့ပြီး ပွဲအပြီး ဆိုရှယ်မီဒီယာမှာလည်း အဆိုပါ ဖြစ်ရပ်ကို ပြန်ရှဲကာ ထပ်မံ ဆဲဆိုထားခဲ့တာဖြစ်ပါတယ်။