ကွင်းအတွင်းမှာ အချင်းများမှုတွေဖြစ်ပွားခဲ့တာပါ။

ဆောက်သမ်တန်နဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ မန်စီးတီးကွင်းလယ်လူဂရီလစ်ရှ်တယောက် စိန့်ကွင်းလယ်လူရိုမီယူရဲ့ ဖျက်ထုတ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဂရီလစ်ရှ်နဲ့ ဂျန်ဗက်နာရက်ခ်တို့ ဘောလုံးယှဉ်လုရင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကြားမှာ တွန်းတိုက်မှုတွေဖြစ်ခဲ့တဲ့အထိ

ပြင်းထန်ခဲ့ကာ ဂရီလစ်ရှ်တယောက် တော်တော်လေးဒေါသထွက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 

ဂရီလစ်ရှ်လဲကျနေစဉ်မှာ ရိုမီယူက ဟန်ဆောင်နေတယ်ဆိုကာ ဒေါသတကြီးနဲ့ စကားပြောဆိုခဲ့ပြီး မန်စီးတီးကြယ်ပွင့်က ထိပ်တိုက်တွေ့ဖို့ ကြိုးစားခဲ့လို့ ဆောက်သမ်တန်ကစားသမားတွေ ဝင်ဟန့်တားခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မကျေနပ်နိုင်ဖြစ်နေခဲ့တဲ့ ဂရီလစ်ရှ်ဟာ အဝတ်လဲခန်းထဲသွားရာဝင်ပေါက်မှာ ရိုမီယူကို ထိပ်တိုက်တွေ့ဖို့အတွက် စောင့်ဆိုင်းနေခဲ့တယ်လို့ ဆောက်သမ်တန်နည်းပြ ဟာဆန်ဟူတယ်လ်က ဖွင့်ဟသွားခဲ့ပါတယ်။ 

"ဂရီလစ်ရှ်က သူ့ကို လွဲမှားခဲ့တဲ့အရာတချို့ကို ရှင်းပြဆွေးနွေးဖို့အတွက် စောင့်ဆိုင်းနေခဲ့တာပါ၊ အားလုံးထင်မှတ်သလိုမဟုတ်ပါဘူး၊ ရုပ်သံကင်မရာတွေမရှိလို့ မသိကြတာပါ၊ သူတို့က အဲဒီအဖြစ်အပျက်ကို ပြောဆိုခဲ့ကြပြီး အားလုံးအဆင်ပြေပါတယ်" လို့ Sky Sports ကတဆင့် ဟာဆန်တူဟယ်လ်က ပြောဆိုခဲ့ပြီး ကစားသမားနှစ်ဦးကြားမှာ ဘယ်လိုပြသနာမှမရှိခဲ့ဘူးလို့ ဖြေရှင်းသွားခဲ့ပါတယ်။ 

ဒီပွဲမှာ သရေကျခဲ့လို့ မန်စီးတီးရဲ့ နိုင်ပွဲဆက်မှုက ရပ်တန့်သွားပြီဖြစ်ကာ ဆောက်သမ်တန်ကတော့ အိမ်ကွင်းမှာ အဖိုးတန်သရေတမှတ်ကို ရယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအနေနဲ့ ကိုင်လီဝေါ်ကာပီတာစ်ရဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကလိုက်ကစားခဲ့ရပြီး လာပေါ့တ်က ချေပဂိုးသွင်းယူပေးခဲ့လိုသာ သရေရခဲ့တာဖြစ်ပြီး ရမှတ် ၂ မှတ်လျော့နည်းခဲ့ရပြီး ဂွာဒီယိုလာကတော့ ဒီပွဲရလဒ်အပေါ် ကျေနပ်တယ်လို့ ပွဲအပြီးမှာ​ ပြောဆိုခဲ့ပါတယ်။ 

Share

က္က