လူစားဝင်လာပြီး ၂မိနစ်အတွင်းပဲ အဝါကတ်ထိသွားခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ယူနိုက်တက်အတွက် ခြေစွမ်းပြနေတဲ့ နောက်ခံလူမာတီနက်ဇ်ဟာ ဘောလုံးဖျက်ထုတ်ရင်း ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဧရိယာထဲရောက်လာတဲ့ ဘောလုံးကို မာတီနက်ဇ်က အပြတ်ရှင်းခဲ့ချိန်မှာ ခြေထောက်လွတ်သွားခဲ့ကာ ပြုတ်ကျခဲ့တာဖြစ်ပြီး သူ့ကို အသင်းခေါင်းဆောင်နောက်ခံလူမက်ဂွိုင်းယားနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ 

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ အဆိုပါအခိုက်အတန့်ဟာ တကယ်ကို စိတ်လှုပ်ရှားစရာဖြစ်နေခဲ့ရပါတယ်။ အသင်းက ၃-၁ နဲ့ အနိုင်ရရှိနေပေမယ့်လည်း မက်ဂွိုင်းယားရဲ့ အားနည်းချက်တွေကြောင့် အသင်းဂိုးပေးရမှာကို ထိတ်လန့်နေရတာဖြစ်ပြီး အင်္ဂလန်သားကလည်း ကွင်းထဲဝင်လာပြီး ၁ မိနစ်အကြာမှာပဲ ပြိုင်ဘက်အာဆင်နယ်ကစားသမားကို ပြစ်ဒဏ်ဘောကျူးလွန်ခဲ့လို့ အဝါကတ်ပြသခံလိုက်ရပါတယ်။ 

ဒါ့အပြင် ဧရိယာထဲမှာလည်း ဂျီးဆပ်ကို ဆွဲလှဲခဲ့တဲ့အနေအထားလည်း ဖြစ်ခဲ့သေးပြီး ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောမသတ်မှတ်ခဲ့လို့သာ ကံကောင်းခဲ့ရပါတယ်။ ရာသီအစနှစ်ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် မက်ဂွိုင်းယားက အရန်ခုံမှာ ထိုင်နေရတာ ၄ ပွဲဆက်တိုက်ရှိနေခဲ့တာဖြစ်ပြီး လူစားဝင်လာတဲ့အချိန်ခဏလေးအတွင်းမှာပဲ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် လုပ်သွားခဲ့တာပါ။ 

မက်ဂွိုင်းယားလူစားဝင်လာချိန်၊ သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ မြင်ကွင်းတွေကလည်း နောက်ပြောင်စရာတွေဖြစ်လာနေပါပြီ။ အသင်းပရိသတ်တွေကိုယ်တိုင်က သူ ကွင်းဘေးမှာ သွေးပူလေ့ကျင့်ခန်းဆင်းနေပြိဆိုရင် လန့်နေရပြီလို့ကို နောက်ပြောင်ခံရျွှဲ့အထိ မက်ဂွိုင်းယားက ရင်ဆိုင်နေရပြီး သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀က လက်ရှိမှာ ဖိအားတွေများပြားနေတာလည်းဖြစ်ပါတယ်။ 

အင်္ဂလန်နည်းပြဆောက်ဂိတ်ကတော့ ယူနိုက်တက်မှာ လုံလောက်တဲ့အချိန်မကစားရလည်း ပြသနာမရှိဘူးလို့ မက်ဂွိုင်းယားကိုပြောဆိုထားပြီး ကာတာကမ္ဘာ့ဖလားပွဲအတွက် နေရာတနေရာရှိတယ်လို့ အာမခံချက်ပေးထားပါတယ်။ 

Share

Loading Next Article...
က္က