ပရိသတ်တွေထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာပါ။

ယူနိုက်တက်ရဲ့ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်က အသင်းပရိသတ်တွေကို ပေးပို့ခဲ့တဲ့စာအတွင်း အသင်းရဲ့ကွင်းအတွင်း အောင်မြင်မှုတွေကို ပြန်လည်မြင်တွေ့ရမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။



ရက်ကလစ်ဖ်ဟာ ရှယ်ယာ (၂၅) ရာခိုင်နှုန်းအတွက် ပေါင် (၁.၂၅) ဘီလျံ အသုံးပြုမှာဖြစ်ပြီး အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ သန်း (၃၀၀) ကို စိုက်ထုတ် အသုံးပြုသွားဦးမှာပါ။ ပရိသတ်တွေကို ပေးပို့ခဲ့တဲ့စာထဲမှာလည်း ရက်ကလစ်ဖ်က “ဒီစာကို ရေးတာက ယူနိုက်တက်အနာဂတ်အတွက် အရေးပါတဲ့ တာဝန်ကို ကျွန်တော်တို့ ယူထားတယ်၊ ကိုယ့်တာဝန်ကို သိတယ်ဆိုတာကို ပြောချင်လို့ပါ”

“ကျွန်တော်တို့ ကွင်းတွင်း အောင်မြင်မှုတွေကို ရယူနိုင်မယ်လို့ ယုံကြည်ပြီး စီးပွားရေးအောင်မြင်မှုတွေလည်း ရရှိလာဦးမှာပါ။ ဒီအတွက် အချိန်နဲ့ စိတ်ရှည်သည်းခံမှုတွေ လိုအပ်ပါတယ်။ ပရော်ဖက်ရှင်နယ်အုပ်ချုပ်မှုရဲ့ အမြင့်ဆုံး အဆင့်အတန်းမှာတော့ ဒါမျိုးတွေက တစ်သားတည်းရှိနေပါတယ်”
“ခင်ဗျားတို့က ယူနိုက်တက်အတွက် ရည်မှန်းချက်ကြီးမားသလို ကျွန်တော်တို့လည်း ထိုနည်းလည်းကောင်းပါပဲ။ အားကစားလောကမှာ အာမခံချက်ဆိုတာ မရှိပါဘူး။ အပြောင်းအလဲအတွေက အချိန်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရေရှည်အတွက် အလုပ်လုပ်မှာဖြစ်ပြီး ယူနိုက်တက်ကို အင်္ဂလန်၊ ဥရောပနဲ့ ဘောလုံးလောကရဲ့ အရမ်းကို ထိပ်တန်းကျတဲ့နေရာကို ပြန်ပို့ပေးချင်ပါတယ်”
“ကျွန်တော် ဒီတာဝန်ကို လေးလေးနက်နက်နဲ့ တာဝန်ယူထားတာပါ။ ဘယ်လိုအရောင်းအဝယ်ကိစ္စကိုမဆို သူ့နည်းသူ့ဟန်နဲ့ စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။ အရောင်းအဝယ်ကိစ္စပြီးဆုံးသွားတဲ့အချိန်အထိ ဒီအကြောင်းတွေကို လူသိရှင်ကြား ထုတ်ပြောသွားမှာ မဟုတ်ပါဘူး” လို့ ရေးသားထားခဲ့ပါတယ်။

Share

Loading Next Article...
က္က