ဒီည လိုင်လီနဲ့ပွဲမတိုင်ခင်မှာ တူဟယ်လ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းအနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ ကွင်းပြင်ပ ပိတ်ဆို့အရေးယူမှုတွေက ဒီနေ့ည ကစားမယ့် ချန်ပီယံလိဂ်ပွဲအတွက် ဘယ်လိုချွင်းချက်မှမဖြစ်စေရဘူးလို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲအဖြစ် ဒီကနေ့ညမှာ ပြင်သစ်ကလပ် လိုင်လီကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။



ချဲလ်ဆီးဟာ အဝေးကွင်းပွဲစဥ်တွေအတွက် ပေါင် (၂) သောင်းထက် ပိုမိုသုံးစွဲခွင့်မရှိသလို တရာသီစာ လက်မှတ်ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေကလွဲရင် နောက်ထပ်လက်မှတ်အသစ်တွေ ရောင်းချခွင့်လည်း ပိတ်ပင်ခံထားရပါတယ်။ ဒီလိုမျိုးအရေးယူမှုတွေ ရင်ဆိုင်ရပြီးနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နှစ်ပွဲမှာတော့ ချဲလ်ဆီးဟာ ဘန်လေ၊ နယူးကာဆယ်တို့ကို အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီးဟာ လိုင်လီကိုလည်း ပထမအကျော့အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ချဲလ်ဆီး နည်းပြ သောမတ်စ်တူဟယ်လ်က “ဒီလိုပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ကောင်းကောင်းဖြေရှင်း ကျော်လွှားနိုင်ဖို့ လိုအပ်ပါတယ်။ အဝေးကွင်းပွဲအတွက် လိုက်ပါနိုင်တဲ့ ဝန်ထမ်းအရေအတွက်၊ ပွဲကန်ဖို့အတွက် တည်းခိုတဲ့ ဟိုတယ်မှာ ယူမယ့်အခန်းအရေအတွက် အစရှိတာတွေကို ချိန်ညှိရပါတယ်”

“ကျနော် နားလည်ထားသလောက် အရာရာတိုင်းက သူ့နေရာနဲ့သူပါပဲ။ ကျနော်တို့က ပရော်ဖက်ရှင်နယ် အဆင့်တခုမှာရှိနေပါသေးတယ်။ ဘာလို့လဲဆိုတော့ ဇိမ်ခံဖို့အတွက်မှ မဟုတ်တာ။ လိုင်လီနဲ့ပွဲအတွက် သတ်မှတ်ထားတဲ့အရာတွေရှိပါတယ်။ ဒါပေမယ့် ဒီအရာတွေက ဘယ်လိုနည်းနဲ့မှ ကျနော်တို့ကို ချွင်းချက်တခု မဖြစ်စေနိုင်ပါဘူး”

“စနေမှာ ကစားမယ့် မစ်ဒယ်ဘရော့နဲ့ပွဲအတွက်လည်း အခုတည်းက လုပ်ရကိုင်ရတော့ ခက်တာပေါ့။ ဒါပေမယ့် ကျနော်တို့ ဖြေရှင်းနိုင်မှာပါ။ ဂျာစီရှိမယ်၊ ကျနော်တို့ အသက်ရှင်နေသေးမယ်ဆိုရင် အောင်မြင်ဖို့ တိုက်ပွဲဝင်မှာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ကို အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးကြွေးတွေတင်နေတယ်လေ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

က္က