ဗီလာပရိသတ်တွေကတော့ အားပါးတရကို အောင်ပွဲခံခဲ့ကြတာပါ။


မန်ချက်စတာယူနိုက်တက်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့နောက် ဗီလာပရိသတ်တွေဟာ ကွင်းအတွင်းမှာတင် အောင်ပွဲခံတာမျိုးမဟုတ်ဘဲ အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာပါ အောင်ပွဲခံသွားခဲ့ကြပါတယ်။ ဟောက်စ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲပြီးခါနိးမှာ ပင်နယ်တီပြန်ပေးခဲ့ရပေမယ့် ဖာနန်ဒက်စ်လွဲချော်ခဲ့လို့ ဗီလာပရိသတ်တွေ အပျော်ကြီးပျော်ခဲ့ရပါတယ်။


ဖာနန်ဒက်စ်လွဲချော်သွားချိန်မှာ ဗီလာပရိသတ်တွေက စင်ပေါ်မှာ အော်ဟစ်ကာအောင်ပွဲခံခဲ့ကြပြီး တဖက်မှာစိတ်ပျက်နေတဲ့ ယူနိုက်တက်ပရိသတ်တွေကို လှောင်ပြောင်မှုတွေပါ လုပ်ခဲ့ကြပါတယ်။ ဂိုးသမားမာတီနက်ဇ်ကလည်း ယူနိုက်တက်ပရိသတ်တွေဘက်လှည့်ကာ ကပြလှောင်ပြောင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ပရိသတ်တွေ မခံချိမခံသာဖြစ်ခဲ့ရပါတယ်။ 



ပွဲအပြီးမှာတော့ အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာ ဗီလာပရိသတ်တွေစုဝေးခဲ့ကြပြီး ရော်နယ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်း ပြုလုပ်ခဲ့ကြပါသေးတယ်။ ပရိသတ်တစ်ဦးက ရော်နယ်ဒိုဂိုးသွင်းပြီး အောင်ပွဲခံတဲ့ပုံစံကိုလုပ်ပြခဲ့ပြီး အခြားပရိသတ်တွေက ရော်နယ်ဒိုအော်ဟစ်နေကျ Suiiiiii ဆိုတာကို ၀ိုင်းဝန်းအော်ခဲ့ကြကာ သူတို့ရဲ့နိုင်ပွဲအတွက် အကြီးအကျယ်အောင်ပွဲခံသွားခဲ့ကြတာဖြစ်ပါတယ်။


တွစ်တာမှာတော့ အဆိုပါဗီဒီယိုက တော်တော်လေးပြန့်နှံ့နေခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေကတော့ ကွင်းတွင်းမှာရော၊ ကွင်းပြင်မှာပါ ပြိုင်ဘက်ပရိသတ်တွေရဲ့ အနိုင်ယူမှုကိုခံခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ ယူနိုက်တက်အတွက် နောက်ဆုံးကစားခဲ့တဲ့ ၄ပွဲမှာ ၃ ပွဲအထိအရေးနိမ့်ခဲ့တာဖြစ်ပြီး ဆိုးလ်ရှားအတွက်လည်း ဖိအားတွေ တိုးသထက်တိုးလာခဲ့ကာ သူ့ကို နုတ်ထွက်ဖို့အတွက် တောင်းဆိုမှုတွေတောင် ရှိနေခဲ့ပြီဖြစ်ပါတယ်။ 

Share

က္က