သက်ဆိုင်ရာကွင်းတိုင်းမှာ စစ်ဆေးမှုတွေပြုလုပ်နေခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ထိန်းချုပ်နိုင်ရေးအတွက် ပွဲစဉ်အချို့ကို ကွင်းပိတ်ကစားဖို့စီစဉ်မှုတွေရှိ နေတာလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းနည်းပြမိုရက်စ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်းမြင့်မားနေခြင်းကြောင့် ပရီးမီးယားလိ ဂ်ပွဲစဉ်အချို့ကို ကွင်းပိတ်ကစားဖို့ စီစဉ်ခြင်းထက် အချိန်အတို်င်းအတာတစ်ခုအထိရွှေ့ဆိုင်းတာက ပိုပြီး ဖြစ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို dailymail က ဖော်ပြလာပါတယ်။

လက်ရှိမှာ ဥရောထိပ်တန်းအမှတ်ပေးလိဂ်တစ်ခုဖြစ်တဲ့ အီတလီစီးရီးအေရဲ့ ပွဲစဉ်အချို့ကို ရွေ့ဆိုင်းခြ  င်းများရှိနေခဲ့ပြီးအစောပိုင်းကာလများတွင်ပရိသတ်မပါဘဲ ကွင်းပိတ်ကစားစေမှုများပြုလုပ်ခဲ့တဲ့အတွက် ဝက်စ်ဟမ်းနည်းပြမိုရက်စ်က အခုလိုမှတ်ချက်ပြုခဲ့တာလည်းဖြစ်ပါတယ်။



“ ရောဂါကူးစက်နှုန်းမြင့်တက်နေတာကို လက်ခံပါတယ်။ ဒါပေမဲ့ ကွင်းပိတ်ကစားစေတာကတော့မဖြ စ်သင့်ပါဘူး။ မဖြစ်မနေဆိုပေမယ့် ပွဲကိုရွှေ့ဆိုင်းဖို့ပဲဖြစ်စေချင်ပါတယ်။ ဘောလုံးပွဲတွေဆိုတာ ပရိသ တ်တွေအတွက်ပါ။ ပရိသတ်တွေမပါဘဲ ဘောလုံးပွဲဆိုတာရှိလာမှာမဟုတ်ပါဘူး။ အသင်းတွေ အတွ က်လ ည်း ပရိသတ်မပါခဲ့ရင် အနိုင်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူး” လို့ မိုရက်စ်က ဆိုလိုက်တာပါ။

Thesun ရဲ့ဖော်ပြချက်အရ ဗြိတိန်ကျွန်းစုနိုင်ငံများအတွင်း ရောဂါကူးစက်ခံရသူများတွေ့ရှိထားရခြင်း နဲ့အတူ ဥရောပအတွင်း သေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံတို့ရဲ့အခြေအနေကြောင့် မတ် လအတွင်း ကျင်းပဖို့ရှိနေတဲ့အားကစားပွဲအားလုံးရွှေ့ဆိုင်းဖို့ ရှိနေတယ်လို့လည်း သတင်းဖော်ပြမှု တွေ ရှိနေခဲ့ပါတယ်။

လက်ရှိသတင်းထွက်ပေါ်မှုများအရ အက်ဖ်အေတာဝန်ရှိသူတွေအနေနဲ့ မတ်လအတွင်းကျင်းပဖို့ရှိ နေ တဲ့ အက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်တွေကို ရွှေ့ဆိုင်းဖို့ရှိနေခဲ့ပြီး ပရီးမီးယားလိဂ်အသ င်းေ တွအနေနဲ့လည်း အသင်းဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆော င်ရွက်ကြဖို့ အသိ ပေးဆောင်ရွက်မှုများရှိနေခဲ့တယ်လို့လည်း သိရပါတယ်။


Share

က္က