တိုက်စစ်စတင်ရာမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ လီဗာပူးက ယုံကြည်နေပါတယ်။

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရရှိခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ အဖွင့်ဂိုးနဲ့ပတ်သက်ပြီး VAR ရဲ့ဆုံးဖြတ်ချက်ကို အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ပထမပိုင်း ၃၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဒန်နီရယ်ဖြတ်တင်ပေးပို့လိုုက်တဲ့ဘောလုံးကို အမှားအယွင်းမရှိ အနီးကပ်ပိတ်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးအသင်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်စတင်ချိန်မှာ လင်ဒီလော့ဖ်က အိုရီဂီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးကို ခွင့်မပြုဖို့ တောင်းဆိုခဲ့ပြီး ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်က ယင်းဖြစ်ရပ်ကို အနီးကပ်မြင်တွေ့ခဲ့တာဖြစ်ပေမယ့် ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ ယူဆခဲ့တဲ့အတွက် ပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွင်းလယ်ဒိုင်ဟာ VAR ကို ပြန်လည်ကြည့်ရှုဖို့ ဆုံးဖြတ်ခဲ့ပြီး ရုပ်သံအနှေးပြကွက်တွေအရ လင်ဒီလော့ဖ်ဟာ အိုရီဂီကို ဖျက်ထုတ်ရာမှာ လုံလောက်တဲ့ထိတွေ့မှုမရှိတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့တာဖြစ်တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။



PGMOL (Professional Game Match Officials Limited)က VAR ပြန်လည်ကြည့်ရှုရာမှာ လင်ဒီလော့်ဖ်က အိုရီဂီကို ထိတွေ့ခဲ့တယ်ဆိုတာကို မြင်တွေ့ခဲ့ရပေမယ့် လီဗာပူးအသင်းကို ပြစ်ဒဏ်ဘောပေးရလောက်အောင် လုံလောက်တဲ့ထိတွေ့မှုမျိုးဖြစ်တယ်လို့ ယူဆလို့မရကြောင်း အတည်ပြုပေးခဲ့ပါတယ်။

“ပထမဦးစွာ ကွင်းအတွင်းရှိတဲ့ ဒိုင်လူကြီးက အဲဒါကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ မထင်ပါဘူး။ VAR နဲ့ ပြန်စစ်၊ ဆုံးဖြတ်ခဲ့တာက ထိတွေ့ခဲ့တယ်ဆိုတာကို မရှင်းလင်းဘဲ ပြစ်ဒဏ်ဘောမပေးခဲ့တာက လုံးဝအမှားပါ”

“ဒုတိယအနေနဲ့ VAR က ကွင်းလယ်ဒိုင်ရဲ့ ပွဲဆုံးဖြတ်ချက်ကို ပြင်ဆင်လို့မရပါဘူး။ ထိတွေ့မှုတော့ရှိခဲ့ပေမယ့် VAR က ဂိုးကို ခွင့်မပြုရလောက်အောင်အထိ မလုံလောက်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်”လို့ PGMOL က Sky Sports ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က