သူမရဲ့ ပေချ့်ကနေ ပရိသတ်တွေကို‌ ပြောပြလိုက်တာပါ။

အဆိုတော် မီးမီးခဲတစ်ယောက် ဆေးကုသမှု ခံယူနေရင်း ဆုံးပါးသွားပြီဆိုတဲ့ သတင်းတွေအပေါ် မီးမီးခဲ ကိုယ်တိုင်က ယခုလို ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

 

Photo : မီးမီးခဲ

ဇူလိုင်(၂၆) ရက်နေ့ ညပိုင်းလောက်က လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အဆိုတော် မီးမီးခဲ တစ်ယောက် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေ ပျံ့နှံနေခဲ့တာ ဖြစ်ပါတယ်။ ထိုသတင်းတွေကြား ပြီး ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေကြသလို တကယ့်သတင်းအမှန်ဖြစ်နေလားဆိုပြီး စိတ်ပူလို့နေကြပါတယ်။ အဆိုပါ သတင်းအမှားတွေနဲ့ ပတ်သက်ပြီး မီးမီးခဲ ကိုယ်တိုင်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ ယခုလို ပြန်လည်ဖြေရှင်း ပေးခဲ့ပါတယ်။

“ပရိတ်သတ်ကြီးရှင့် ! ကျွန်မ မီးမီးခဲ လက်ရှိကျန်းမာရေးအခြေနေမှာ ဆေးကုသမှု ဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။ လူအများကြီးက ဖုန်းခေါ်လာပြီးသတင်းမေးမှ Facebook မှာ သတင်းအမှားကြီးတက်နေတယ်ဆိုတာသိရလို့ပါ။ ကျွန်မရဲ့ ကျန်းမာရေးအတွက်ဆက်လက် ဆုတောင်းပေးကြပါနော်” ဆိုပြီး ဇူလိုင်(၂၆) ရက်နေ့ ည(၉)နာရီလောက် ရေးသားခဲ့တာပါ။

Photo : မီးမီးခဲ

မီးမီးခဲဟာ လက်ရှိမှာ ကင်ရာရောဂါကို ခံစားနေရသူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ မိသားစုနဲ့ အတူ သြစတျေးလျနိုင်ငံ Sydney မြို့မှာနေထိုင်တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ရင်သားကင်ဆာ အဆင့်(၄) အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေးအခြေအနေကောင်းလာဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

သူမကိုယ်တိုင်က ကင်ဆာရောဂါခံစားနေရတာကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်း အားပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့သလို ဒီဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

 

 

 

Share

Loading Next Article...
က္က