လာမယ့် ဇန်ဝါရီလထဲမှာ ပထမအကျော့နဲ့ ဒုတိယအကျော့ပွဲစဉ်တွေကို ကစားသွားရမှာပါ။

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ ကရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးအသင်း တွေ့ဆုံခဲ့ပြီးနောက် အသင်းပရိသတ်တွေအတွက် ပျော်ရွှင်စရာဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့ညက ကရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်မှာ ဘရန့်ဖို့ဒ်ကို အနိုင်ယူနိုင်ခဲ့ပေမယ့် ပွန်တမ် ယန်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိတဲ့ဂိုးနဲ့ ဂျော်ဂျင်ညိုရဲ့ ပင်နယ်တီသွင်းဂိုးတွေကြောင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းကလည်း ဗုဒ္ဓဟူးနေ့မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းရဲ့ စမ်းသပ်ခြင်းကို ခံခဲ့ရပေမယ့်လည်း စတီဗင် ဘာဘိမ်းနဲ့ လူးကပ်စ် မိုရာတို့ရဲ့ ဂိုးတွေကြောင့် ဝက်စ်ဟမ်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ဒါကြောင့် လာမယ့်ဇန်နဝါရီလမှာ တူဟယ်ရဲ့ချဲလ်ဆီးဟာ အန်တိုနီယို ကွန်တီရဲ့ စပါးအသင်းနဲ့ ကရာဘောင်း ဆီမီးဖိုင်နယ် ၂ ကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရတော့မှာဖြစ်ပြီး နောက်ထပ် အရသာရှိတဲ့ လန်ဒန်ဒါဘီပွဲစဉ်ဖြစ်လာတော့မယ့် အလားအလာရှိနေပြီဖြစ်ပါတယ်။ ဂျာမန်လူမျိုးနည်းပြက ပရိသတ်တွေဟာ စပါးနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်ကို စိတ်လှုပ််ရှားနေကြမှာဖြစ်ပြီး ၎င်းရဲ့ အပြောင်းအလဲများစွာလုပ်ထားတဲ့အသင်းက နောက်တဆင့် တက်ရောက်နိုင်ခဲ့တာကို ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပါတယ်။

"တော့တင်ဟမ်က ကျွန်တော်တို့ ပရိသတ်တွေအတွက် ကောင်းပါတယ်။ လန်ဒန် ဒါဘီပေါ့။ ကျွန်တော်တို့ အဲဒါကို စောင့်မျှော်နေမှာဖြစ်ပြီး အဲဒီပွဲကို ကစားချင်ပါတယ်။ ကျွန်တော် ရလဒ်နဲ့ပတ်သက်ပြီး လုံးဝကို ပျော်ရွှင်ပါတယ်။ အခြေအနေတွေအရ အရမ်းကောင်းတဲ့ ရလဒ်ဖြစ်ပြီး အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ပါ"လို့ ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးကြယ်ပွင့်အများအပြားဟာ ကိုဗစ်ထိထားသလို ဒဏ်ရာရနေတဲ့ ကစားသမားတွေနဲ့ ဒဏ်ရာကနေ ပျောက်ကင်းလာခါစ ကစားသမားတွေများနေတာကြောင့် တူဟယ်ဟာ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လူငယ်ကြယ်ပွင့်ကစားသမားအချို့ကို ထုတ်သုံးခဲ့တာဖြစ်ပါတယ်။

ဆယ်ကျော်သက် ဟာဗီး ဗေးလ်၊ ဂျုဒ် ဆွန်းဆပ်-ဘဲလ်နဲ့ ဇေးဗီးယား ဆိုင်မွန်တို့အားလုံးဟာ ချဲလ်ဆီး စီနီယာအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့် ရရှိခဲ့ပြီး မာလန် ဆား၊ ရော့စ် ဘာကလေနဲ့ ဆာအူးလ်တို့အားလုံးလည်း ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က