ဒီကနေ့ ညနေ (၅)နာရီထိထပ်မံတွေ့ရှိထားတာဖြစ်ပါတယ်။

မနေ့က ကျိုက်နဲရေလယ်ဘုရားဖူးသွားရင်း ရေနစ်ပျောက်ဆုံးနေတဲ့သူတွေထဲက နောက်ထပ် ရုပ်အလောင်း (၅)လောင်းကို ဒီကနေ့ထပ်မံတွေ့ရှိခဲ့ပါတယ်။

စာရင်းအရ ပျောက်ဆုံးနေတဲ့သူ (၉)ဦးသာကျန်ရှိတာဖြစ်ပြီး ဒီနေ့ တွေ့တဲ့ သေဆုံးသူ(၅)ဦးမှာ (၂)ဦးက စာရင်းထဲမပါတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

“ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေ စာရင်းပေးထားချက်အရဆို ပျောက်ဆုံးက (၉)ဦးပဲကျန်တာ။ အခုတွေ့တဲ့ (၅)ယောက်မှာ(၂)ယောက်ကစာရင်းထဲပါတဲ့သူတွေမဟုတ်ဘူး။ ထပ်တိုးပေါ့။ (၃)ဦးက စာရင်းထဲပါတဲ့သူတွေဆိုတော့ စာရင်းအရဆို ပျောက်ဆုံးက (၆)ဦးကျန်အုံးမယ်။ အခုလိုပဲ မိသားစုဝင်တွေစာရင်းမပေးထားတဲ့သူတွေလည်း ဘယ်နှစ်ယောက်ရှိမလဲတော့ မသိဘူး။ ဒီနေ့ ခုချိန်ထိတွေ့တာတော့ (၅)လောင်းပေါ့”လို့ မနေ့က ဖြစ်စဉ်ကတည်းက ကူညီဆောင်ရွက်ပေးနေတဲ့ ပိုင်ရှင်မဲ့ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုထပ်မံတွေ့ရှိတဲ့အလောင်းတွေက ရေကျချိန် နတ်လမ်းပေါ်မှာပဲ တင်နေတဲ့ရုပ်အလောင်းတွေနဲ့ကမ်းစပ်လှိုင်းပုတ်ရင်းပါလာတဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့သိရပါတယ်။

လက်ရှိအချိန်ထိ ဒီဖြစ်စဉ်မှာ မနေ့ကနဲ့ဒီနေ့ သေဆုံးရုပ်အလောင်း (၂၀) တွေ့ရှိထားတယ်လို့ သိရပြီး ပျောက်ဆုံးနေသူ (၆) ဦး ကျန်ရှိနေပါသေးတယ်။


Share

Loading Next Article...
က္က