သေဆုံးသူက (၂၀)ဦးထိတွေ့ရှိထားပါပြီ။

ကျိုက်နဲရေလယ်ဘုရားဖူး ဖြစ်စဉ်အတွင်း ရေနစ်ပျောက်ဆုံးနေတဲ့ ကျန်ရှိသူ (၆)ဦးကို ယနေ့ထိရှာဖွေမတွေ့ရှိရသေးဘူးလို့ သိရပါတယ်။

ဖြစ်စဉ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၁)ရက်နေ့ဖြစ်ပွါးခဲ့တာဖြစ်ပြီး ယနေ့ ၂၄ ရက်နေ့အထိ ကျန်ရှိနေသူတွေကို ရှာမတွေ့သေးတာဖြစ်ပါတယ်။

ကျိုက်နဲရေလယ်ဘုရားဖူးဖြစ်စဉ်မှာ ပျောက်ဆုံးနေတဲ့သူတွေကို ထပ်မံမတွေ့ရှိတော့တာ မနေ့ကနဲ့ ဒီနေ့ဆို (၂)ရက်ဆက်တိုက်ရှိပါပြီ။

“ မနေ့ကလည်းမတွေ့ဘူး။ ဒီနေ့လည်းမတွေ့ဘူး။ စာရင်းအရတော့ (၆)ဦးကျန်သေးတယ်။ ဟိုမှာအလောင်းပေါ်တယ် ဒီမှာအလောင်းပေါ်တယ် သတင်းတွေကြောင့် အဲဒီနေရာတွေကို သွားတော့လည်းမဟုတ်ဘူး။ သို့လော သို့လောတွေပြောနေကြတာ။ ဒီနေ့လည်းဘာမှမထူးဘူးလို့” ပိုင်ရှင်မဲ့ ပရဟိတအသင်းမှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

လက်ရှိမှာ ကျန်ရှိနေတဲ့ (၆)ဦးကိုလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းမလုပ်တော့ဘဲ ပေါ်လာတဲ့ရုပ်အလောင်းတွေကိုသာ ကောက်ဖို့ ပြင်ဆင်ထားရတယ်လို့သိရပါတယ်။

ဒီဖြစ်စဉ်မှာတော့ လက်ရှိအချိန်ထိ သေဆုံးသူရုပ်အလောင်း (၂၀)နဲ့ အသက်ရှင်ကယ်ဆယ်နိုင်သူ (၁၀)ဦးကျော်ထိရှိပါတယ်။

စဖြစ်တဲ့နေ့ကတည်းတင် သေဆုံးသူ (၁၅)ဦးတွေ့ရှိခဲ့ပြီး ဒုတိယမြောက်နေ့မှာ သေဆုံးသူ (၅)ဦး ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


Share

Loading Next Article...
က္က