မိသားစုဝင်တွေလည်း ကမ်းစပ်မှာ စောင့်ဆိုင်းလျှက်ရှိနေပါတယ်။

မနေ့က နိုဝင်ဘာလ (၂၁)ရက်နေ့က မွန်ပြည်နယ်၊သံဖြူဇရပ်မြို့မှာဖြစ်ပွါးခဲ့တဲ့ ရေလယ်ဘုရားသွားဖူးရင်း ရေနစ်ပျောက်ဆုံးနေသူတွေထဲက ကျန်ရှိနေသေးတဲ့ (၉)ဦးကို ဒီကနေ့မနက်ထိဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

မနေ့ကညနေပိုင်းထိ သေဆုံးအလောင်း (၁၉)လောင်းနဲ့ အသက်ရှင်ကယ်ဆယ်နိုင်တဲ့ (၁၀) ဦးကျော်ကို တွေ့ရှိထားပြီး လက်ရှိမှာ ပျောက်ဆုံးမိသားစုဝင်တွေရဲ့ စာရင်းပေးထားချက်အရ (၉) ဦး ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။



ဓာတ်ပုံ - Aung Myint Myat

“ အခု ပျောက်ဆုံးနေတဲ့သူ (၉)ဦး ကျန်သေးတယ်။ ရှာဖွေတုန်း။ ရေကျချိန်ဆို ရှာဖွေရေးလုပ်ပြီးတော့ ရေတက်နေချိန်ဆို ကမ်းစပ်မှာပဲ စောင့်နေရတဲ့အနေအထား။ အခုပျောက်ဆုံးမိသားစုဝင်တွေလည်း ရှိတယ် စောင့်နေကြတာ။ ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အဖွဲ့ကတော့ လုပ်နေတာပေါ့။ ခုထိတော့မတွေ့သေးဘူး”လို့ မနေ့က ဖြစ်စဉ်ကတည်းက ကူညီဆောင်ရွက်ပေးနေတဲ့ ပိုင်ရှင်မဲ့ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်က ဘုရားဖူးပြည်သူတွေအရမ်းများပြီး လူဦးရေ (၅၀၀၀)လောက်ရှိတဲ့ လူအုပ်ဟာ အဆိုပါနတ်လမ်းအတိုင်း လမ်းလျှောက်နေစဉ် ရေတက်လာတဲ့အချိန်မှာ အတင်းတိုးဝှေ့သွားလာကြရင်းက ပြုတ်ကျရင်း လှိုင်းနဲ့မျှောပါသွားကြတာဖြစ်တယ်လို့သိရပါတယ်။

ကျိုက်နဲရေလယ်ဘုရားပွဲဟာကျိုက်နဲ ရေလယ်ဘုရားပွဲဟာ တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်နေ့ကနေ လပြည့်ကျော် ၃ ရက်နေ့အထိ တစ်နှစ် တစ်ကြိမ်သာကျင်းပတဲ့ပွဲဖြစ်ပြီး နှစ်စဉ်ဘုရားဖူးပြည်သူတွေနဲ့ စည်ကားပါတယ်။

မနေ့ကဖြစ်စဉ်မှာ ပျောက်ဆုံးနေသေးတဲ့စာရင်းနဲ့ လက်ရှိရှာဖွေတွေ့ရှိထားတဲ့ စာရင်းတွေအရ လူဦးရေ (၃၀)ကျော်လောက် ရေနောက်မျှောပါသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က