ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ ဒီဂျစ်တယ်နည်းပညာတွေနဲ့ ဝန်ထမ်းတွေရဲ့ တက်ကြွစွာ ပါဝင်မှုတွေ ပေါင်းစပ်ပြီးတော့ နိုင်ငံတစ်ဝန်းက လူနေမှုဘဝတွေ တိုးတက်မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးနေတာကို တွေ့ရပါတယ်။
လူမှုအသိုက်အဝန်းတွေရဲ့ ကျန်းမာရေးနဲ့ အသိပညာ ဗဟုသုတကို မြှင့်တင်ခြင်း
ဒီနှစ်အတွက် MPT အဓိကရည်မှန်းချက်ကတော့ ဒီဂျစ်တယ်နည်းပညာနဲ့ လူမှုအသိုက်အဝန်းအတွက် ကူညီပံ့ပိုးမှုတွေကို ပေါင်းစပ်ပြီး ကျန်းမာရေး ဝန်ဆောင်မှုတွေကို လူတိုင်းလက်လှမ်းမီ နိုင်စေဖို့ တိုးချဲ့ဆောင်ရွက်ပေးထားဖို့ပဲဖြစ်ပါတယ်။
24/7 ပတ်လုံး ကျန်းမာရေးဆွေးနွေးနိုင်တဲ့ အခမဲ့ ကျန်းမာရေးဖုန်းလိုင်း- ‘2025’
MPT နဲ့ ပန်းလှိုင်းဆေးရုံကြီး ပူးပေါင်းပြီး ငလျင်ဘေးကြုံတွေ့ ခံစားရတဲ့ ဒေသက ပြည်သူတွေရဲ့ အရေးပေါ် ကျန်းမာရေး ကိစ္စတွေ ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၅ ခုနှစ်၊ မေလမှာ ၂၄ နာရီ ခေါ်ဆိုနိုင်တဲ့ အခမဲ့ ကျန်းမာရေးဖုန်းလိုင်း- ‘2025’ ကို စတင် ပံ့ပိုးပေးခဲ့ ပါတယ်။
MPT4U အက်ပလီကေးရှင်းမှာလည်း ကျန်းမာရေးပညာပေး ရုပ်သံများကို ကြည့်ရှုနိုင်
ပြည်သူတွေအတွက် ကျန်းမာရေးဗဟုသုတတွေ တိုးမြှင့်စေဖို့အတွက် MPT ဟာ အခမဲ့ ကျန်းမာရေး ပညာပေးရုပ်သံတွေကို MPT လူမှုကွန်ရက်စာမျက်နှာတွေ ၊ လိုတရဝက်ဘ်ပေါ်တယ်နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက စပြီး ထုတ်လွှင့် ပြသပေးနေတာပါ။ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင်းက နာမည်ရှိ ဆေးရုံကြီးတွေဖြစ်တဲ့ အာယုနိုင်ငံတကာ ဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့နဲ့ ပူးပေါင်းပြီး ကျွမ်းကျင်ဆရာဝန်တွေကိုယ်တိုင် ဦးဆောင်ဆွေးနွေးပြီး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ကာကွယ်ဖို့နည်းလမ်းတွေကို လမ်းညွှန်ပေးတာမျိုးနဲ့ MPT သုံးစွဲသူတွေ အရေးကြီးတဲ့ ကျန်းမာရေးဗဟုသုတတွေ ရရှိနိုင်စေဖို့ ဖော်ဆောင်ပေးနေတာကို တွေ့ရပါတယ်။
MPT သုံးစွဲသူတွေအားလုံးအတွက် ကျန်းမာရေးပညာပေးအစီအစဉ်တွေကို MPT4U အက်ပလီကေးရှင်းရဲ့ ကျန်းမာရေးပညာပေး Icon ဒါမှမဟုတ် MPT လိုတရစာမျက်နှာ https://lotaya.mpt.com.mm /service/healtheducation မှာ အင်တာနက်ဒေတာဖိုး ကျသင့်မှုမရှိဘဲ အလုံးစုံ အခမဲ့ ကြည့်ရှုနိုင်မှာပါ။
နိုင်ငံတစ်ဝန်းစုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုများ
MPT ရဲ့ စေတနာသွေးလှူရှင်ဝန်ထမ်းတွေနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို (၁၆) ကြိမ်၊ (၁၇) ကြိမ်နှင့် (၁၈) ကြိမ်မြောက် ဆက်လက် ဆောင်ရွက်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွေကနေတဆင့် အရေးပေါ်အသက်ကယ်နိုင်မယ့် သွေးအိတ်ပေါင်း (၉,၆၀၀) နီးပါးကို စုပေါင်းလှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
လေ့လာသင်ယူမှုနဲ့ စာအုပ်စာပေတို့ကနေ တစ်ဆင့် လူငယ်တွေကို အခွင့်အလမ်းများမြှင့်တင်ပေးခြင်း
ပညာရေးဆိုင်ရာ အားထုတ်မှုအနေနဲ့လည်း ပညာလိုလားသူ လူငယ်တွေအတွက် အရည်အသွေးမြင့် သင်ကြားရေး အရင်းအမြစ်တွေကို လွယ်ကူစွာရရှိနိုင်စေဖို့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဒီဂျစ်တယ်နည်းပညာကွာဟချက်ကို လျှော့ချပေးဖို့ ဦးတည်ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။ MPT ရဲ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်ခန်းစာတွေကို ပေးအပ်ခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်းက ကျောင်းသားတွေအတွက် ရှေရှည်တည်တံ့တဲ့ တိုးတက်မှုအခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ရည်မှန်းထားပါတယ်။
MPT ရဲ့ CSR E-Learning အစီအစဉ်
၂၀၂၃ ခုနှစ်ကနေ စတင်မိတ်ဆက်ခဲ့တဲ့ အခမဲ့ အွန်လိုင်းပလက်ဖောင်း CSR E-Learning အစီအစဉ်ဟာဆိုရင်တော့ မျိုးဆက်သစ်လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ဖို့ရည်ရွယ်ပြီး နာမည်ရ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာတော့ MPT နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်း (၇) ခုရှိပြီး သင်ခန်းစာရုပ်သံ ဖိုင်ပေါင်း (၁၀၀) ကျော် လွှင့်တင်ပြီးဖြစ်ပါတယ်။ ယနေ့အထိ သင်ယူလေ့လာနေသူ ကျောင်းသားပေါင်း (၄,၀၀၀) ကျော် အထိ ရှိလာပြီလို့လည်း သိရပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို CSR E-Learning ဝက်ဘ်ဆိုက် https://csrelearning.mpt.com.mm/ မှတစ်ဆင့် ကုန်ကျစရိတ်မရှိဘဲ လေ့လာသင်ယူနိုင်ပါတယ်။
နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှု
“စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို ၂၀၂၅ ခုနှစ်၊ ဇွန်လက တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄) ခုမှာ အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ MPT ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းပေါင်း (၇၀၀) ကျော်တို့ ပူးပေါင်းပါဝင်ကာ ပျိုးပင်ပေါင်း (၁,၄၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြတယ်လို့သိရပါတယ်။ ဒီအစီအစဉ်ဟာဆိုရင်တော့ အများပြည်သူ အရိပ်ရရှိနိုင်စေရန်၊ လေထုအရည်အသွေး မြှင့်တင်ပေးနိုင်ရန်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန် စတဲ့ အကျိုးရလဒ်ကောင်းတွေ ရစေနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်တာလို့ ဆိုပါတယ်။
စာဆိုတော်နေ့အထိမ်းအမှတ် နိုင်ငံတစ်ဝန်း စာအုပ်စုပေါင်းလှူဒါန်းမှု
စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် MPT ဝန်ထမ်းတွေ စုပေါင်းလှူဒါန်းတဲ့ “နိုင်ငံတစ်ဝန်း စာအုပ်စုပေါင်းလှူဒါန်းပွဲ”ကို ပထမဆုံးအကြိမ်အဖြစ် တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၃) ခုမှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်က အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။ စာပေဖတ်ရှုတဲ့ အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့နဲ့ လူငယ်များအကြား စာဖတ်ရှုခြင်းအလေ့အထမြှင့်တင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ စာအုပ်ပေါင်း ၄,၀၀၀ ခန့်ကို သက်ဆိုင်ရာ ဒေသအသီးသီးရှိ စာကြည့်တိုက်များထံ ပေးအပ်လှူဒါန်းခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ကူညီထောက်ပံ့မှု
MPT နဲ့ ဝန်ထမ်းတွေအနေနဲ့ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်သင့် ဒေသတွေအတွက် လိုအပ်တဲ့ အကူအညီတွေ စုပေါင်းပြီး ပံ့ပိုးကူညီခဲ့ကြပါတယ်။ MPT ဝန်ထမ်းအားလုံး ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့အတူတူ ဒေသခံပြည်သူတွေနဲ့ ဝန်ထမ်းမိသားစုများထံသို့ အစားအသောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေအပြင် ငွေကြေးထောက်ပံ့မှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂၀၂၅ ခုနှစ်၊ ဧပြီလမှာ စုစုပေါင်းကျပ် သိန်း (၁,၀၀၀) ခန့် တန်ဖိုးရှိတဲ့ ပံ့ပိုးမှုကို ပြုလုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို စုံလင်လှတဲ့ ဆောင်ရွက်မှုတွေကတစ်ဆင့် “အတူ လက်တွဲအမြဲရှိမည် MPT” ဆိုတဲ့ ကတိကဝတ်နဲ့ အညီ နိုင်ငံတစ်ဝန်းလုံးရှိ သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကောင်းမွန်ဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ပေးအပ်နေရုံသာမက ပညာရေး၊ ကျန်းမာရေးနဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ် စတဲ့ အဓိကမဏ္ဍိုင်ကြီးသုံးရပ်အပေါ် အခြေခံပြီး တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများ (CSR) ကို တက်ကြွစွာ ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါအပြင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သွေးလှူဒါန်းခြင်းနဲ့ သစ်ပင်စိုက်ပျိုးခြင်းတွေလို လူမှုအကျိုးပြုလုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်တာတွေနဲ့ လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီဖို့ ခိုင်မာတဲ့ ကတိကဝတ်ကို ပြသနေတာပါ။
လှုမှုအကျိုးပြုလှုပ်ရှားမှုအပါအဝင် MPT ဝန်ဆောင်မှုများ အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm သို့ ဝင်ရောက်လေ့လာနိုင်တဲ့အပြင် Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber နဲ့ 106 Call Center တို့မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။
#CorporateCommunicationsDepartment
#MPT-KSGMJointOperations
#ရှေ့သို့လှမ်းချီ မြန်မာပြည်