အခြေခံလူတန်းစားတွေအတွက် ကျပ် ၅၀၀ တန် ထမင်းဟင်းကို ရွှေ့လျားစနစ်နဲ့ရောင်းချပေးနေသလို ဒီဇင်ဘာ ၁၈ ရက်နေ့မှာလည်း ကျပ် ၅၀၀ တန် ဒံပေါက်အဝစား ရောင်းချပေးဖို့ စီစဥ်နေတယ် လို့ YG ပရဟိတလူငယ်အသင်း ဦးဆောင်သူ ကိုဇင်လင်းအောင် ကပြောပါတယ်။
ကျပ် ၅၀၀ တန်ဟင်းကိုတော့ သင်္ဃကျွန်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ကစပြီးတာ့ တစ်ရက်ခြားတစ်ခါ ရွှေ့လျားစနစ်နဲ့ရောင်းချပေးနေတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ - YG ပရဟိတလူငယ်အသင်း
"လူငယ်တွေ ဦးစီးပြီးတော့လုပ်တာပါ။ ရွှေ့လျားစနစ်နဲ့ပြီးခဲ့တဲ့ ရက်ထဲမှာ စဖွင့်တာပါ တစ်နေရာတည်းရောင်းရင် မရှိတဲ့လူနည်းစုပဲ ရမှာစိုးလို့ ရပ်ကွက်အများကြီးက အခြေခံလူတန်းစားတွေ ရဖို့ပါ ရွှေ့လျားစနစ်နဲ့ရောင်းတာပါ။ အခု ထမင်းဟင်းရောင်းပြီးတော့ အသွင်တစ်မျိုးဖြစ်အောင် ဒံပေါက်အဝစား ကျပ် ၅၀၀ နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာရောင်းပေးမယ် သင်္ယကျွန်းမြို့နယ်ထဲမှာရောင်းပေးမယ်" လို့ ကိုဇင်လင်းအောင် ကပြောပါတယ်။
ကျပ် ၅၀၀ တန်ထမင်းဟင်းတုန်းကတော့ လူနှစ်ရာစာ ကြက်ဥ၊ဘဲဥဟင်း ငါးဟင်း နဲ့ ငါးပိရည် တို့စရာ အစုံအလင်နဲ့ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - YG ပရဟိတလူငယ်အသင်း
ဒီဇင်ဘာ ၁၈ ရက်နေ့ ရောင်းချမယ့် ကျပ် ၅၀၀ တန် အဝစား ဒံပေါက်ရောင်းမှာကိုတော့ လူ ၁၅၀ စာ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။
အခြေခံ လူတန်းစားအကုန်စားနိုင်ဖို့ ရွှေ့လျားစနစ် နဲ့ အခြေခံလူတန်းစားများတဲ့ ရပ်ကွက်တွေကို ဦးစားပေးရောင်းသွားမယ် လို့လည်း ကိုဇင်လင်းအောင်ကပြောပါတယ်။
အခု ချိန်မှာတော့ ရန်ကုန်အပြင် အခြားမြို့နယ်တွေမှာလည်း ကျပ် ၅၀၀ တန်ထမင်းဟင်းကို အခြေခံလူတန်းစားတွေအတွက် ရောင်းချမှုတွေ နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။