မက်ဂွိုင်းရားရဲ့ ငယ်ငယ်တုန်းက ဆရာမကပြောကြားခဲ့တာပါ။

ယူနိုက်တက်နောက်ခံလူ အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ ကျောင်းတုန်းက ဘာသာရပ်တိုင်းမှာ ထူးချွန်တဲ့ ကျောင်းသားတယောက်ဖြစ်ပြီး စာရင်းကိုင်တယောက်အနေနဲ့သာ အသက်မွေးခဲ့ရင် တော်တော်အောင်မြင်နေပြီလို့ သူ့ဆရာမဟောင်းတွေထဲက တယောက်က ပြောကြားလိုက်ပါတယ်။



မက်ဂွိုင်းရားဟာ ချက်စတာဖီးလ်မှာရှိတဲ့ စိန့်မေရီကက်သလစ်အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့တာဖြစ်ပြီး သင်္ချာနဲ့ပတ်သက်လာရင် တော်တော်လေး ထူးချွန်တယ်လို့ သိရှိရပါတယ်။ လက်ထောက်ကျောင်းအုပ်ဆရာမတယောက်ဖြစ်တဲ့ ဆူကိန်းက “မက်ဂွိုင်းရားကို စာအရမ်းကြိုးစားတဲ့ ကျောင်းသားတယောက်အဖြစ် အမြဲတမ်းအမှတ်ရနေခဲ့တာပါ”

“သူက ဘယ်တော့မှပြဿနာမရှာဘူး၊ ခံယူချက်လည်းကောင်းပါတယ်။ နောက်ပြီး သူ့ကိုခိုင်းရင် ဘယ်တော့မှမေးခွန်း ပြန်မထုတ်ဘဲ အကုန်လုပ်ပေးတာပါ။ သူက ကျောင်းမှာ တော်တော်လေးကို ရေပန်းစားတဲ့ ကျောင်းသားဖြစ်ခဲ့တာပေါ့” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဆူကိန်းက “မက်ဂွိုင်းရားက GCSE စာမေးပွဲတွေမှာ A အဆင့်ရခဲ့ပါတယ်။ ကျမတို့ကတော့ သူ့ကို သင်္ချာ ဒါမှမဟုတ် စီးပွားရေးလိုင်းသွားမယ်ထင်ခဲ့တာပါ။ စာရင်းကိုင်တယောက်အဖြစ်နဲ့ပေါ့” လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းရားကတော့ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအတွက် အားကစားလိုင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။

မက်ဂွိုင်းရားဟာ ဘောလုံးအပြင် ရပ်ဘီ၊ စားပွဲတင်တင်းနစ်တို့ကိုလည်း ကစားခဲ့ပြီး ဒီပြိုင်ပွဲတွေကို နိုင်ငံအနှံ့ သွားရောက်ယှဥ်ပြိုင်ခဲ့ဖူးတယ်လို့လည်း သိရှိရပါတယ်။ ဒါ့အပြင် မက်ဂွိုင်းရားဟာ သူ့ရဲ့ကစားသမားဘဝ အစောပိုင်းနေ့ရက်တွေမှာ ကွင်းလယ်လူတယောက်အဖြစ် ကစားခဲ့ဖူးပြီး နောက်ပိုင်းမှသာ ဗဟိုနောက်ခံလူအဖြစ် ကစားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ မက်ဂွိုင်းရားက ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်တယောက်ဖြစ်နေပြီး ဝေဖန်မှုတွေနဲ့လည်း ဆက်တိုက်ရင်ဆိုင်နေရပါတယ်။ မက်ဂွိုင်းရားအနေနဲ့ လာမယ့်ရာသီမှာတော့ ယူနိုက်တက်အသင်းခေါင်းဆောင် ရာထူးကို ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က