အခုချိန်မှာတော့ နာမည်ကျော် တစ်ယောက် ဖြစ်လို့နေပါပြီ။

ပညာရေးထက် မိတ်ကပ်ပညာဘက်ကို အားသန်ပြီး စိတ်ဝင်စားခဲ့တဲ့ သူမဟာ ကျောင်းပြေးပြီး မိတ်ကပ်ပညာကို လေ့လာခဲ့ရာက အခုဆိုရင် နာမည်ကျော် မိတ်ကပ်ညာရှင်၊အလှဖန်တီးရှင်တစ်ဦး ဖြစ်လို့လာခဲ့ပါပြီ။

မိတ်ကပ် ခင်စန်းဝင်ဟာ အလှဖန်တီးရှင် လောကမှာ အောင်မြင်ကျော်ကြားနေတဲ့ မိတ်ကပ်ပညာရှင် တစ်ဦးဖြစ်ပါတယ်။ ပညာသင်ရမယ့် အရွယ်မှာကျောင်းပညာရေးထက် မိတ်ကပ်ပညာဘက်ကို အားသန်ပြီး စိတ်ဝင်စားခဲ့တဲ့ သူမဟာ ကျောင်းပြေးပြီး မိတ်ကပ်ပညာကို လေ့လာခဲ့ရာက အခုဆိုရင် နာမည်ကျော် မိတ်ကပ်ညာရှင်၊အလှဖန်တီးရှင်တစ်ဦး ဖြစ်လို့လာခဲ့ပါပြီ။


“မကြီးစန်းရဲ့ လက်ဦးဆရာက ဆံပင် ပညာရှင် ကိုတူးပေ့ါ။နောက် ဒုတိယ ဆရာ တစ်ယောက် ရှိတယ်သူက မင်းသမီးတွေများစွာရဲ့ မိတ်ကပ်ပညာရှင် ရုပ်ရှင်လောကရဲ့ မိတ်ကပ်ပညာရှင် မိတ်ကပ်စန္ဒီပေါ့ သူက မကြီးစန်းရဲ့ ဒုတိယပါ ဆရာပေ့ါ။ဆရာကောင်း နှစ်ယောက်ရဲ့ ပညာတွေကို မကြီး ဆည်းပူးခွင့်ရခဲ့တာပါ။ဆံပင်ညှပ်တာကို စသင်တုန်းက မကြီးဆို အထက်တန်းကျောင်းသား ဘဝပဲ ရှိသေးတယ် ကျောင်းပြေးပြီးတော့ ဆံပင် ညှပ်တာ သွားသွားကြည့်တာ။ စာထဲမှာ အာရုံဝင်စားတာတွေ မရှိဘဲ အတတ်ပညာဘက်ကို အရမ်းစိတ်ဝင်စားခဲ့တာ ကျောင်းပြေးပြီး ဒီပညာတွေ လေ့လာခဲ့ရတာ အမှတ်တရပါပဲ”လို့ သူက ဆိုပါတယ်။


မအောင်မြင်သေးခင်အချိန်အတိုင်းအတာတွေ မှာ အလွဲတွေ များစွာ ကြုံတွေ့ခဲ့ရသလို အမှားတွေ များစွာလည်း ကြုံတွေ့ဖူးတာကြောင့် အမှားထဲက အမှန်ယူဖို့နဲ့ သူ့ရဲ့ အလွဲတွေအကြောင်းကိုလည်း ဝေမျှခဲ့ပါသေးတယ်။

“မကြီး ပထမဆုံး လိမ်းရတဲ့ ရှုတင်မှာဆိုရင် မကြီးက စာတွေ့တွေ လေ့လာထားတာ ၊ ဆရာတွေ လိမ်းတာတွေ ကြည့်ထားတာများတော့ ကိုယ့်ကိုကိုယ် တော်နေပြီ တက်နေပြီလို့ ထင်ထားတာပေ့ါ တကယ်တမ်း လက်တွေ့လိမ်းတဲ့အချိန်ကျတော့ အဆင်မပြေခဲ့ဘူးပေ့ါ ဒါပထမဆုံးရှုတင်အတွေ့အကြုံလို့ပြောရမှပေ့ါ။ ငယ်ငယ်တုန်းကလည်း အရမ်းစွာတာ ရန်လည်းဖြစ်တယ် ရှုတင်မှာဆိုလည်း ကင်မရာမန်းတွေက မိတ်ကပ် အဆင်မပြေဘူးပြောရင်လည်း ကင်မရာမန်းနဲ့လည်း ရန်ဖြစ်၊မိတ်ကပ် စလိမ်း တဲ့အရွယ်မှာ အသက်က (၂၁) နှစ်ပဲ ရှိသေးတော့ ကိုယ်လုပ်သမျှမှန်တယ်ကိုယ်ဖန်တီးသမျှမှန်တယ်ပဲ ထင်ထားတာ။ နောက်ပိုင်းမှ အသားကျသွားတာပေ့ါ။ လူတိုင်းကတော့ အမှားနဲ့ မကင်းဘူးပဲ ပြောရမှာပေ့ါ များများမှန်တဲ့ သူက များများမှန်တယ်။အမှားများတဲ့လူက အရမ်းတော်လာနိုင်တာတွေလည်း ရှိတယ်၊ အဓိကတော့ ကိုယ့်အမှားကို သိဖို့တော့ လိုတာပေ့ါ” လို့ သူကပြောပါတယ်။

မိတ်ကပ်ခင်စန်းဝင်းဟာ အသက်(၂၀)ကျော်အရွယ်မှာ ကိုယ်ပိုင်အလှပြင်ဆိုင်ဖွင့်လှစ်ခဲ့ပြီး မင်းသမီးတွေများစွာ ရဲ့ လက်စွဲ မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်ခဲ့သူပါ။ မိတ်ကပ်ပညာရှင်လောကမှာ အလှဖန်တီးရှင်းပေါင်းများစွာကို မွေးထုတ်ပေးခဲ့သူ တစ်ဦးဖြစ်ပြီး အခုထိတိုင်လည်း တပည့်များရဲ့ချစ်ခင်ခြင်း အနုပညာရှင်များရဲ့ အားကိုးခြင်းကို ခံနေရတဲ့ သူလည်း ဖြစ်ပါတယ်။

 မိတ်ကပ်ခင်စန်းဝင်းဟာ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုပေါ်မှာ သစ္စာရှိရှိနဲ့ တစ်စိုက်မတ်မတ် ကြိုးစားခဲ့လိုသာ အများက လက်ခံပြီး နေရာတစ်ခုကို ရောက်ရှိလာတယ်လို့ ခံယူထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မင်္ဂလာပွဲများစွာမှာ သတို့သမီးတွေအတွက် အလှဆုံးဖြစ်အောင် ဖန်တီးခွင့်ရရှိထားသလို မင်းသမီးတွေများစွာကိုလည်း ယနေ့ထက်တိုင် လိမ်းခြယ် ပေးနေရသူပါ။ မကြီးစန်းဟာ ကိုယ်ပိုင် Brand တစ်ခုဖြစ်တဲ့ KSM စပ်မိတ်ကပ်နဲ့ စပ်ပေါင်ဒါကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိကာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အလှကုန်ပစ္စည်းများလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က