မက်ဆီရဲ့ ပင်ကိုယ်ပါရမီ၊ စွမ်းဆောင်ရည်တို့ကို ပရိသတ်တွေချီးကျူးနေတာပါ။

မက်ဆီရဲ့ ဘောလုံးပါရမီ၊ အရည်အချင်းတွေအကြောင်းကို သင်ရိုးတခုအဖြစ် သတ်မှတ်ကာ ကျောင်းသင်ခန်းစာတွေမှာ သင်ကြားပေးသင့်တယ်လို့ ဆိုနေကြပါတယ်။ မက်ဆီဟာ ကလပ်နဲ့နိုင်ငံအတွက် ဂိုးပေါင်း (၈၀၀) ကျော် သွင်းယူပေးထားပြီး ဘလွန်းဒီအော်ဆုကိုလည်း အများဆုံး ဆွတ်ခူးထားနိုင်တဲ့ ကစားသမားပါ။



သူ့ရဲ့ ဘာစီလိုနာကစားသမားဘဝ အအောင်မြင်ဆုံးအချိန်ကာလတွေမှာ မက်ဆီရဲ့ ဘောလုံးပေးပို့မှု၊ အကွက်မြင်မှု၊ ပြိုင်ဘက်နောက်ခံလူတွေကို လှည့်စားနိုင်မှု အစရှိတာတွေက တကယ်ကို ရင်သပ်ရှုမောဖွယ်ရာအဖြစ် သတ်မှတ်ခံထားရပါတယ်။ အခု တွစ်တာပေါ်မှာ ရေပန်းစားနေတဲ့ မက်ဆီရဲ့ ဗီဒီယိုဖိုင်တခုကလည်း သူ့ရဲ့ အကောင်းဆုံးသော ပေးပို့မှု၊ ဘောလုံးစွမ်းရည် နဲ့ အကွက်မြင်မှု အစရှိတာတွေကို ထင်သာမြင်သာရှိစေခဲ့ပါတယ်။



အထူးသဖြင့် မက်ဆီရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့အိုင်ကျူက တော်တော်လေးမြင့်မားတယ်လို့ ပရိသတ်တွေက ယုံကြည်နေပြီး အခြားကစားသမားတွေအတွက် ခက်ခဲတဲ့ပေးပို့မှုတွေက မက်ဆီအတွက်တော့ တော်တော်လေး လွယ်ကူနေခဲ့ပါတယ်။ ဒါ့အပြင် ဘယ်ကစားသမားမှ မမြင်နိုင်တဲ့ နေရာတွေ၊ လမ်းကြောင်းတွေကို မက်ဆီက အကောင်းဆုံးဖွင့်ပေးနိုင်ခဲ့ပါတယ်။

တွစ်တာအသုံးပြုသူတယောက်က မက်ဆီရဲ့ ဒီလိုမျိုး (၅၆) စက္ကန့်ကြာမြင့်တဲ့ဗီဒီယိုတခုကို မျှဝေထားခဲ့ပြီး မက်ဆီရဲ့စွမ်းဆောင်ရည်တွေကို ကျောင်းသင်ခန်းစာတွေမှာ သင်ရိုးတခုအဖြစ် ထည့်သွင်းသင်ကြားပေးဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ မက်ဆီအနေနဲ့ ဒီလိုမျိုး ချိန်သားကိုက်ပေးပို့မှုတွေ၊ နေရာယူလှုပ်ရှားမှုတွေ ပြုလုပ်ဖို့အတွက်လည်း အသင်းဖော်တွေနဲ့ နားလည်မှုကောင်းကောင်း တည်ဆောက်ဖို့ လိုအပ်ခဲ့ပါတယ်။

နေမာ၊ ဆွာရက်ဇ်တို့က မက်ဆီရဲ့အသင်းဖော်တွေထဲမှာ အထင်ရှားဆုံး၊ နားလည်မှုအရှိဆုံးဖြစ်ခဲ့ပြီး အယ်လ်ဘာ၊ အဲလ်ဗက်စ်တို့ကလည်း မေ့ထားလို့မရတဲ့ ကစားသမားတွေပါ။ မက်ဆီနဲ့တွဲကစားနေတဲ့ ကစားသမားက ခြေစွမ်းမပြနိုင်ရင်တောင် မက်ဆီရဲ့ဖန်တီးမှုတွေကြောင့် အရောင်တောက်ပြောင်လာနိုင်တယ်လို့ ချီးကျူးနေကြပါတယ်။ ဒါ့အပြင် မက်ဆီက ဘောလုံးရဲ့ရူပဗေဒကို ကောင်းကောင်းနားလည်သူဖြစ်ကြောင်းနဲ့ သူ့ကို ရူပဗေဒဂုဏ်ထူးဘွဲ့ကိုပါ ပေးသင့်ကြောင်းလည်းဆိုနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က