ဒေါ်လာ ၁၀၀ တန်ဈေးက စတင်တဲ့ Realme ဖုန်းနှစ်မျိုး ဒီတစ်ပတ် ထွက်ပါတယ်။
Realme C30 နဲ့ Realme Narzo 50i Prime ပါ။ နှစ်မျိုးလုံး 4G ဖုန်းတွေ ဖြစ်ပြီး Android 11 Go Edition နဲ့ ထွက်ထားတာ ဖြစ်ပါတယ်။
အချက်အလက်အလက်အရ နှစ်မျိုးစလုံးက အတူတူပါပဲ။ ကျောဘက်ကာဗာနဲ့ ကင်မရာ Bump ပုံစံ ကြည့်ပြီးပြီးပဲ ဒီနှစ်မျိုးကို ခွဲခြားကြမှာပါ။ Realme C30 က ထောင်လိုက်စင်း Stripe ပါပြီး ကျောဘက်ကင်မရာနေရာက ထောင်လိုက် စတုဂံပုံစံ Bump နဲ့လာပါတယ်။ Realme Narzo 50i Prime က Diamond စင်းနဲ့ လာပြီး ကင်မရာ Bump က အလျားလိုက်အပြည့်နီးပါးနဲ့ narzo ဆိုတဲ့ စာသားလေး ညာဘေးခြမ်းမှာ ထွင်းထားပါတယ်။
ကင်မရာက ရှေ့ 5MP ၊ နောက်ဘက် 8MP နဲ့ လာပါတယ်။ ၆.၅ လက်မ HD+ LCD waterdrop notch Display ၊ Entry-Level Unisoc T612 Chispet ၊ 5000mAh ဘက်ထရီ ၊ 10W Charging ၊ MicroUSB နဲ့ Headphone Jack တစ်ခု ပါပါတယ်။ RAM ပမာဏအနေနဲ့ မော်ဒယ်နှစ်မျိုးစလုံးမှာ 2GB/3GB ဆိုပြီး ထွက်ထားပါတယ်။ Realme C30 ကတော့ Storage 32GB တစ်မျိုးပဲ ရှိပြီး Narzo 50i Prime မှာ 64GB Storage ဗားရှင်းနဲ့လည်း ဝယ်နိုင်မယ်လို့ ဆိုပါတယ်။
အရောင်ကို အစိမ်နု ၊ အပြာရင့် နှစ်မျိုးနဲ့ မိတ်ဆက်ထားပြီး 3/32GB မော်ဒယ် Narzon 50i Prime ကို ဒေါ်လာ ၁၀၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းခွဲကျော်) ၊ 4/64GB မော်ဒယ်ကို ဒေါ်လာ ၁၁၀ (မြန်မာငွေ ၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 2/32GB ကို အိန္ဒိယမှာ ရူပီး ၇၅၀၀ (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) နဲ့ ရောင်းချမယ်လို့ ကြေညာထားတဲ့ Realme C30 ထက်တော့ ဈေးပိုသက်သာတယ်လို့ ဆိုနိုင်ပါတယ်။