စနေနေ့က ကာဆင်ပါကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရိသတ်တွေကို လက်ဝှေ့ရမ်းပြီး နှုတ်ဆက်ခဲ့ပုံပေါ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကျောနံပါတ် ၇ ကို အခြားပစ်မှတ်ကို ဝတ်ဆင်ခွင့်ပေးဖို့ အဆင်သင့်ပဲဖြစ်တယ်လို့ ကတိပေးထားတဲ့အတွက် ဗောက် ဗက်ဟော့စ်အနေနဲ့ အခြားကျောနံပါတ်ကိုသာ ဝတ်ဆင်ရမယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒို ထွက်ခွာသွားခဲ့ပြီးနောက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တိုက်စစ်မှူးအသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အဲရစ် တန်ဟက်အတွက် ဘန်လေတိုက်စစ်မှူးဟာ အံ့အားသင့်ဖွယ် အငှားပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ တူရကီစူပါလိဂ်ကလပ်အသင်းဖြစ်တဲ့ ဘက်ဆစ်တပ်စ်ကို အငှားနဲ့ သွားကစားနေတဲ့ ဗက်ဟော့စ်ဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၈ ပွဲမှာ သွင်းဂိုး ၉ ဂိုး သွင်းယူထားသူဖြစ်ပြီး စနေနေ့က ကာဆင်ပါကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရိသတ်တွေကို လက်ဝှေ့ရမ်းပြီး နှုတ်ဆက်ခဲ့ပုံပေါ်ခဲ့ပါတယ်။

ဗက်ဟော့စ်ဟာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့တဲ့အချိန်ကျရင် ဝတ်ဆင်နိုင်ခြေရှိတဲ့ ကျောနံပါတ်ကလည်း ပေါ်ထွက်လာခဲ့တာဖြစ်ပြီး Manchester Evening News ရဲ့ ဖော်ပြချက်အရ ဒတ်ချ်တိုက်စစ်မှူးအတွက် ကျောနံပါတ် ၇၊ ၁၃၊ ၁၅၊ ၁၆၊ ၂၄၊ ၂၆၊ ၂၇၊ ၃၀ စတဲ့ ကျောနံပါတ်တွေက ဖြစ်နိုင်ဖွယ် ရွေးချယ်စရာတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ ယခုလမှာ အက်သလက်တီကို မက်ဒရစ်ကနေ ဂျာအို ဖီလစ် ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ကျောနံပါတ် ၇ ကို ပေးအပ်ဖို့ အဆင်သင့်ရှိတယ်လို့ ကတိပေးထားတဲ့အတွက် ဗောက် ဗက်ဟော့စ်အနေနဲ့ သရဲနီတွေရဲ့ဂန္တဝင်ကျောနံပါတ်ကို ဝတ်ဆင်ခွင့်ရရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

ပေါ်တူဂီသတင်းဌာန A Bola က မန်ချက်စတာယူနိုက်တက် စီအီးအို ရစ်ချက် အာနိုးက အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကို ကျောနံပါတ် ၇ က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် အဆင်သင့်ဖြစ်နေတယ်လို့ ပြောကြားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ လက်ရှိမှာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားနေသူဖြစ်ပြီး လာလီဂါကလပ်အသင်းဟာ ဂျာအို ဖီလစ်အတွက် ကြီးမားတဲ့ ဈေးနှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။ 


သတင်းတွေရဲ့ဖော်ပြချက်အရ ပေါင် ၇၀.၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ပါဝင်တဲ့ ပေါင် ၉.၅ သန်းတန် အငှားစာချုပ် တောင်းဆိုထားတယ်လို့ သိရပြီး ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ နည်းပြ ဆီမြွန်နီနဲ့ ဆက်ဆံရေး ပြိုလဲသွားခဲ့ပြီးနောက် ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က