နူးနက်ဇ်က ကျောနံပါတ် (၉) ကို ဝတ်ဆင်ဖို့ ရှိနေပါတယ်။

လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အနေနဲ့ လာမယ့်ရာသီမှာသာ ကျောနံပါတ်ကို ပြောင်းလဲဝတ်ဆင်ဖြစ်မယ်ဆိုရင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းထက် ဂိုးပိုသွင်းနိုင်လိမ့်မယ်လို့ လီဗာပူးပရိသတ်တွေက ယုံကြည်နေပါတယ်။ နူးနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ကျောနံပါတ် (၂၇) ကို ဝတ်ဆင်ခဲ့တာပါ။



ဒါဟာ သူ့အတွက် အင်္ဂလန်မြေမှာ ပထမဆုံးရာသီလည်းဖြစ်ခဲ့ပြီး အစောပိုင်းမှာ အပိုင်အခွင့်အရေးတွေကို မကြာခဏ ဖြုန်းတီးခဲ့တာကြောင့် ဝေဖန်လှောင်ပြောင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ပုံစံကောင်းတွေ ပြန်လည်ပြသနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။


အခုချိန်မှာတော့ ကျောနံပါတ် (၉) ဝတ်ဆင်ခဲ့တဲ့ တိုက်စစ်မှူး ဖေမီနို အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တာကြောင့် လာမယ့်ရာသီသစ်မှာ နူးနက်ဇ်တစ်ယောက် ကျောနံပါတ် (၉) ကို လွှဲပြောင်း ဝတ်ဆင်ဖို့ရှိပါတယ်။ ဒီလိုမျိုး နူးနက်ဇ်ရဲ့ ကျောနံပါတ်အသစ်နဲ့ ပတ်သက်လို့ လီဗာပူးပရိသတ်တွေက စိတ်လှုပ်ရှားနေပြီး နူးနက်ဇ်တစ်ယောက် ဂန္တဝင်တိုက်စစ်မှူး တောရက်စ်ရဲ့ ခြေရာကို ဒီကျောနံပါတ်နဲ့ လိုက်နင်းနိုင်မယ်လို့ ယုံကြည်နေတာပါ။

တောရက်စ်ဟာ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေက “ကျောနံပါတ်အသစ်က နူးနက်ဇ်အတွက် ယုံကြည်မှုပိုရှိစေပြီး နံပါတ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်” “လာမယ့်ရာသီက နူးနက်ဇ်ရဲ့ရာသီပဲ” “နူးနက်ဇ်က လာမယ့်ရာသီမှာ ဟာလန်းထက် ဂိုးပိုသွင်းတော့မှာ” “နံပါတ်အသစ်၊ ကစားသမားအသစ်၊ မွန်းစတားအသစ်ပဲ” “နူးနက်ဇ်သာ ကျောနံပါတ် (၉) ဝတ်ရင် ဂိုး (၃၀) သွင်းမှာ” အစရှိသဖြင့် အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြပါတယ်။



ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် (၃၅) ပွဲကစား၊ (၃၆) ဂိုး သွင်းယူကာ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ နူးနက်ဇ်ကတော့ လီဗာပူးအတွက် (၂၉) ပွဲ ကစားပြီးခဲ့ချိန်မှာ သွင်းဂိုး (၉) ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီသစ်မှာ နူးနက်ဇ် ခြေစွမ်းပြန်ပြနိုင်ဖို့ လီဗာပူးပရိသတ်တွေ မျှော်လင့်နေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က